2022-01-13 08:16:01
My law of attraction journey and experience
အသက် ၂၀ အရွယ်မှာ မိသားစုတွေ အတွက်နဲ့ ကိုယ့်အတွက်က်ိုယ် တန်ဖိုးကြီး ပစ္စည်းတွေကို အပူအပင် ကင်းကင်း ကိုယ်ပိုင်ဝင်ငွေနဲ့ဝယ်လာနိုင်တဲ့ အခိုက်အတန့်ဟာ law of attraction အကြောင်းကိုပိုပြီး နက်နက်နဲနဲ စဉ်းစားမိလာတဲ့ အခိုက်အတန့်ပါပဲ။
လူတိုင်းဟာလည်း ထပ်တူညီတဲ့ ပြည့်စုံကြွယ်ဝခြင်းတွေကို ပိုင်ဆိုင်နိုင်စွမ်းတွေ အပြညိ့အဝရှိကြတာကြောင့် လူတွေ အများကြီးကိုလည်း ဒီ အကြောင်းတွေ sharing လုပ်ပေးချင်စိတ်တွေ အများကြီးပေါ်လာပါတယ်။
တကယ်တော့ ချမ်းသာကြွယ်ဝခြင်းတွေ ဟာ ပိုင်ဆိုင်ထားပြီးသားပါ ။
စိတ်ထဲက ကိုယိတိုင်ဖန်တီးထားတဲ့ မကောင်းတဲ့ပုံရိပ်ယောင်တွေကို အရင် ဖျက်ဆီးပစ်ဖို့သာ လိုပါတယ်။
အခု ချမ်းသာကြွယ်ဝခြင်းတွေ မပိုင်ဆိုင်သေးဘူးဆိုတာ ကိုယ်တိုင်က အဆငိသင့်မဖြစ်သေးလို့ပါ။
လွန်ခဲ့တဲ့ ၄ နှစ် Anii အသက် ၁၆ နှစ်ကို ပြန်သွားကြည့်မယ်ဆိုရင် ၄ သိန်းတန် vivo phone လေးကို မိသားစုကို အတင်း ဝယ်ပေးဖို့ ပူဆာနေတာကို တွေ့ရပါလ်ိမ့်မယ်။
တက္ကသိုလ် ပထမနှစ်တက်ရင် အပြိုင်အဆိုင်ဖြစ်စေဖို့ ရှိသမျှ စုဆောင်းပြီး ၄ သိန်းတန်ဖုန်းကို ၆ လအရစ်နဲ့ ဝယ်ခဲ့ရတဲ့ အချိန်လေးပေါ့။
ဒါကိုကြည့်မယ်ဆို Law of attraction နဲ့ ချမ်းသာကြွယ်ဝခြင်းတွေ ပိုင်ဆိုင်နိုင်ဖို့ နောက်ခံ မိသားစုက ချမ်းသာထားနှင့်ပြီးသား မလိုအပ်တာ တွေ့ရပါလိမ့်မယ်
၁၆ နှစ် ၁၇ နှစ်ဟာ ဘဝရဲ့ အဆိုးဆုံးအချိန်တွေပါ။
အိမ်ရောင်းပြီး အိမ်ပြောင်းရတယ်။
လိုချင်တဲ့ major အမှတ်မမှီဘဲ ရရာ တက်ခဲ့ရတယ်။
ဘဝမှာ ဘာလုပ်ချင်မှန်းလုံးဝ မသိခဲ့တဲ့ အချိန်တွေပါ။
ဒါ့အပြင် အချစ်ရေး၊ မိတ်ဆွေ အရေးတွေမှာလည်း ကံအဆိုးဆုံးလို့ ကိုယ့်ကိုကိုယ် ထင်ရတဲ့အထိပါပဲ။
ပထမဆုံး law of attraction ကို စတင်သိခဲ့တဲ့အချိန်က Covid ပထမ ဆုံးဖြစ်တဲ့အချိန်ပါ။
၁၈ နှစ်ပြည်မွေးနေ့ အချိန်ပေါ့။
Sublimation နဲ စပြီး law of attraction ကို သိခဲ့ပါတယ်။
အဲ့ကနေမှ တဆင့် Gratitude လေးကို စပြီးလုပ်လာခဲ့ပါတယ်။
စစချင်းမှာတော့ စာအုပ်ထဲတောင် ချမရေးသေးပါဘူး။
ဒီတိုင်းစိတ်ထဲကနေပဲ တစ်နေ့တာကောင်းတာလေးတွေ ကျေးဇူးတင်တာပါ။
Gratitude တွေ လုပ်ရင်း Elysian page လေး စတင်ဖို့ idea လေးတွေပေါ်လာတဲ့အခါ ချက်ချင်း page လေးကိုစလိုက်ပါတယ်။
ပြီးတော့ sticker လေးတွေ online က စပြီးရောင်းပါတယ်။
နေပူပူ ထဲမှာ သီတင်းကျွတ်တုန်းကရတဲ့ မုန့်ဖိုး ၅၀၀၀ ကိုင်ပြီး မိတ္တူဆိုင်ကို sticker လေးတွေသွားထုတ်တာဟာ မှတ်မှတ်ရရပါပဲ။
ဒီလိုနဲ့ ရောင်းရင်း အမြတ်လေးနည်းနည်းရရင်း အဲ့တာလေး ပြန်ရင်း မိတ္တူဆိုင်ကို တစ်နေ့ကို ၁၀ ခေါက်လောက်သွားလိုက်ပြနါလိုက်လုပ်ရပါတယ်။
ထူးခြားတာက မိတ္တုဆိုင်ကနေအိမ်က်ုလမ်းလျှောက်တိုင်းမှာ စိတ်ညစ်တာမျိုးမရှိဘဲ ပိုက်ဆံလေး ရတဲ့အတွက်ပျော်ရွင်နေပြီး မကြာခင် printer လေးတစ်လုံး လက်ခံရရှိမယ်ဆိုတာလေးကို အမြဲ visualize လုပ်လေ့ရှိပါတယ်။
တစ်နေ့ မိတ္တူဆိုင် ၁၀ ခေါက်သွားရတယ်ဆို ၁၀ ခါ လမိးလျှောက်ရင်း visualize လုပ်ပါတယ်။
Visualize ရင်း ၆ လကြာတော့ ထူးထူးခြားခြား ဦးလေးတစ်ယောက်က printer စက်လက်ဆောင်ပေးသွားပါတယ်။
အဲ့ဒီအချိန်မှာ law of attraction ကို အရင်ကထက် ၂ ဆတိုးပြီးလေ့လာတယ်။
လေ့လာသလောက်ကိုယ့်ဘဝထဲမှာ law of attraction အကြောင်းသင်ပြနိုင်တဲ့သူတွေ အများကြီးနဲ့ ဆုံလာရတယ်။
ကိုယ်လိုချင်တဲ့ iPhone
Sticker တွေဆွဲဖိုအတွက် iPad ဒါတွေတစ်ခုချင်းကိုယ့်ဘဝထဲကိုရောက်လာတယ်။
ကိုယ်လုပ်ချင်တဲ့ အိမ်မက်လမ်းကြောင်း အခွင့်အရေးတွေ တစ်ဖြေးဖြေးပေါ်လာတယ်။
မိတ္တူဆိုင် ကို ခေါက်တုန့်ခေါက်ပြန်သွားခဲ့ရာက ကိုယ်ပိုင် brand journal စာအုပ်တွေထုတ်လာနိုင်ပြီး local stationary brand လေးဖန်တီးနိုင်ခဲ့တယ်။
အရူးလို့ ပြောခံရမှာ စိုးလို့ လွန်ခဲ့တဲ့ ၄ နှစ်က ဘယ်သူကိုမှ မပြောပြခဲ့တဲ့ manifestation အကြောင်းတွေ energy balancing အကြောင်းတွေကို အခု ထောင်ပေါင်းများစွာသော လူတွေကို ပြန်ပြီး training ပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်လာတယ်။
အခုဆိုရင် တစ်လကို ကိုယ်ပိုင် ဝင်ငွေ သုည ၆ လုံးအထက် ရှာနိုင်လာတယ်။
ဒါတွေဟာ ကံကောင်းထောက်မစွာ ဖြစ်လာတာ တစ်ခုမှ မပါပါဘူး။
ကိုယ်တိုင် ကိုယ့်ရဲ့ မသိစိတ်ထဲက negative belief system တွေကို ပြန်ပြင်ပြီး ဖန်တီး ရေးဆွဲခဲ့တဲ့ reality တွေဖြစ်ပါတယ်။
Anii လို သာမာန်လူတစ်ယောက်တောင်လုပ်နိုင်တယ်ဆိုရင် အခု ဒီစာကိုဖတ်နေတဲ့ သူတွေလည်း သေချာပေါက်လုပ်နိုင်ပါတယ်။
ကိုယ့်အရှေ့က မျိုးဆက်တွေဖန်တီးခဲ့တဲ့ ပုံရိပ်ယောင် illusion ကိုမယုံပါနဲ့။
ချမ်းသာကြွယ်ဝခြင်းနဲ့ ပျော်ရွင်ခြင်းတွေဟာ လူတိုင်းနဲ့ ထိုက်တန်ပါတယ်။
214 views05:16