🔥 Burn Fat Fast. Discover How! 💪

ဒီမနက် မနက်စာအဖြစ် လက်ဖက်ရည်ဆိုင်မှာ မုန့်ဟင်းခါးသွားစား မယ်ပေ | တိုက်မောင်း

ဒီမနက်
မနက်စာအဖြစ် လက်ဖက်ရည်ဆိုင်မှာ
မုန့်ဟင်းခါးသွားစား မယ်ပေါ့...။

ဆိုင်ထဲ ဝင်ဝင်ချင်း..
"အန်တီ မုန့်ဟင်းခါး တစ်ပွဲဗျာ "
မှာပြီး မကြာဘူး...
ယောက်ဖဆီက ဖုန်းဝင်လာတယ်။

"ဟလို"
"ဘယ်မှာလဲ..?
"လက်ဖက်ရည်ဆိုင်မှာ မုန့်ဟင်းခါး စားမလို့"
"အေး..ငါနဲ့ မင်းအစ်မအတွက်ပါ မှာထား...
အခုလာခဲ့မယ်"
"ဟုတ်ကဲ့"

ဖုန်းချပြီး..
"အန်တီရေ...မုန့်ဟင်းခါး သုံးပွဲဖြစ်သွားပြီနော်"
ဆိုင်က လူများတော့ ဆိုင်ရှင် ကြားပုံမရဘူး။
ဒါနဲ့ ငစစ်လည်း မတ်တပ်ထရပ်ပြီး...
"အန် တီ သုံး ပွဲ "
လက်သုံးချောင်း ထောင်ပြလိုက်တာ...
"!!!!!!အရေးတော်ပုံ!!
!!!အောင်ရမည်!!!"
ဟိုက်စကိုက်!
ဘာလားဟ

ဆိုင်ထဲက လူတွေလဲ မတ်တပ် ထပြီး
လက်၃ချောင်း ကိုယ်စီလိုက်ထောင်ပြီး
အကုန်လုံး ထအော်တာတော့တာပဲ...

မကြာပါဘူး...
စစ်ကား ရဲကားတွေ လာလို့
အကုန်ပြေးရတော့တာပဲ။

ပေနိုးမ ဒလန်
ငါ မုန့်ဟင်းခါးတောင် မစားလိုက်ရဘူး။
Credit.