Get Mystery Box with random crypto!

TintLwinOo News 🇲🇲

Logo of telegram channel tintlwinu — TintLwinOo News 🇲🇲 T
Logo of telegram channel tintlwinu — TintLwinOo News 🇲🇲
Channel address: @tintlwinu
Categories: Telegram
Language: English
Subscribers: 252

Ratings & Reviews

4.00

2 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

1

4 stars

0

3 stars

1

2 stars

0

1 stars

0


The latest Messages

2022-05-04 04:33:05 ရည်မှန်းချက် ပျက်ပြားသွားချိန်တွင် အင်အား ခိုင်မာတောင့်တင်းသည့် တပ်မတော်ကိုဖြိုခွဲရန် ဆက်တိုက်ကြိုးပမ်းလာကြောင်း၊ သိုသော် တပ်မတော်၏ ရေပက်မဝင်သော စည်းလုံး ညီညွတ်မှုကြောင့် ခိုင်မာသောအဖွဲအစည်းအဖြစ် ရပ်တည်နိုင်သည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်၍ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် ဖိတ်ခေါ်မှုများပြုလုပ်ခဲ့ကြောင်း၊ လွတ်လပ်၍ တရားမျှတ သော အထွေထွေရွေးကောက်ပွဲ ဆောင်ရွက်နိုင်ရန် ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်သဖြင့် နိုင်ငံတော် အကြီးအကဲက လက်ခံတွေ့ဆုံရန်လည်း ဖိတ်ခေါ် ထားကြောင်း။

ပေါင်းစပ်ညှိနှိုင်းဖြေရှင်း

ဆက်လက်ပြီး လေ့ကျင့်ရေးသင်တန်းများနှင့် ပတ်သက်၍ သင်တန်းကျောင်းတွင် တက်ရောက်နေသည့် သင်တန်းသားများ အနေဖြင့်လည်း သင်ကြားပေးသည့် သင်ခန်းစာများကို အမှန်တကယ် တတ်မြောက်၍ လက်တွေ့အသုံးချနိုင်သည်အထိ လေ့လာ သင်ယူသွားရန်လိုကြောင်း၊ အလားတူ နည်းပြများ အနေဖြင့်လည်း သင်တန်းသားများ၏ ယုံကြည် ကိုးစားမှုခံရသည့် သင်ကြားမှု အရည်အချင်း စွမ်းရည်နှင့် ပြည့်စုံရမည့်အပြင် ဟန်ပန်အမူအရာလည်း လေးစားဖွယ်ရာရှိ နေရမည်ဖြစ်ကြောင်း၊ တပ်မတော် သားများအနေဖြင့် စစ်ဆင်ရေးတာဝန်ဖြစ်စေ၊ လုံခြုံရေးတာဝန်ဖြစ်စေ၊ နိုင်ငံ့အရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပေးအပ်သည့် လုပ်ငန်းတာဝန်နှင့် မိသားစုတာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရန် ကျန်းမာကြံ့ခိုင်မှုသည် အရေးအကြီးဆုံး ဖြစ်ကြောင်း၊ သို့ဖြစ်၍ တပ်မတော်မှ ချမှတ်ထားသည့် ကြံ့ခိုင်ရေးဆိုင်ရာ မူဝါဒနှင့် ကျန်းမာရေးဆိုင်ရာ ပညာပေးမှုများကို လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း မှာကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

ကြည့်ရှုစစ်ဆေး

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ပလောက်တပ်နယ် နယ်မြေခံသင်တန်းကျောင်းရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်းအတွင်း ဥစားကြက်၊ အသားတိုးကြက်၊ DYL ဝက်နှင့် နို့စားနွား မွေးမြူထားရှိမှု၊ ရာသီသီးနှံများ စိုက်ပျိုးမွေးမြူထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်
239 views01:33
Open / Comment
2022-05-04 04:33:05 အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် စစ်မှုသိပ္ပံနည်းပညာများအရ သင်ယူလေ့လာလေ့ကျင့်မှုဖြင့်သာ ခေတ်မီတပ်မတော် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သော တပ်မတော်အဖြစ် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်မည် ...

နေပြည်တော် မေ ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် တာဝန်ရှိသူတို့လိုက်ပါ၍ ယနေ့တွင် မြိတ်တပ်နယ်၊ ပလောက်တပ်နယ်နှင့် ဟိန်းဇဲတပ်နယ်တို့မှ အရာရှိ၊ စစ်သည်မိသားစုဝင်များ၊ သင်တန်းသား စစ်သည်များအား သီးခြားစီတွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် တပ်မတော်၏ အသက်ခန္ဓာသည် စစ်စည်းကမ်းဖြစ်သည့်အပြင် လုံခြုံရေးအသိ အမြဲရှိရန်လိုအပ်သဖြင့် လုံခြုံရေးနှင့်ပတ်သက်၍ ကျိုးပေါက်မှုမရှိစေရန် လိုကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော်သည် နိုင်ငံတော်အတွက် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေရသဖြင့် အဆင့်အတန်းအားလုံးသည် မိမိ၏တာဝန်၊ ဝတ္တရားများကို သိရှိကြပြီး ကိုယ်စီလုပ်ငန်းတာဝန်များအပေါ် အလေး အနက်ထား ကျေပွန်အောင်မြင်စွာ လုပ်ကိုင်ဆောင် ရွက်ကြရန်လိုကြောင်း၊ အသိမှန်မှ အလုပ်မှန်ပြီး အောင်မြင် နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန် ထမ်းဆောင်ရာတွင် ယုံကြည်မှုဖြင့် ပိုင်နိုင်ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန်မှာ လေ့ကျင့်ရေးသည် အရေးကြီးကြောင်း၊ လေ့ကျင့်မှုပိုင်နိုင်မှသာ ယုံကြည်မှုရပြီး ကျွမ်းကျင်မှုရှိ၍ ကျွမ်းကျင်မှုမှတစ်ဆင့် အောင်မြင်မှု ကို ဆွတ်ခူးနိုင်မည်ဖြစ်ကြောင်း၊ အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် စစ်မှုသိပ္ပံနည်းပညာ များအရ သင်ယူလေ့လာလေ့ကျင့်မှုဖြင့်သာ ခေတ်မီ တပ်မတော်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော တပ်မတော်အဖြစ် နိုင်ငံတော် ကာကွယ်ရေးတာဝန် ကို ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း။

သက်သာချောင်ချိရေး ဆောင်ရွက်ပေးရန်လို

လေ့ကျင့်မှုပြည့်ဝပါက လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ကောင်းမွန်သောစီမံခန့်ခွဲနိုင် သည့် အုပ်ချုပ်ရေးစနစ် လိုအပ်မည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးစနစ်အတွက် မှန်ကန်သည့်အမိန့်၊ ပြဋ္ဌာန်း ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တိမ်းစောင်းမှုမရှိ၊ မှန်ကန်မျှတစွာ စီမံအုပ်ချုပ် သွားရန်လိုကြောင်း၊ ပြည့်ဝသောလေ့ကျင့်မှုကို ကောင်းမွန်သော အုပ်ချုပ်မှုဖြင့် ပေါင်းစပ်နိုင်ပါက ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ အဆိုပါအောင်မြင်မှုကို ရေရှည် ထိန်းသိမ်းနိုင်ရန် မဖြစ်မနေလိုအပ်မှုအနေဖြင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ၂၀၁၂ ခုနှစ်မှစတင်၍ တပ်မတော်တစ်ရပ်လုံးအတွက် သက်သာချောင်ချိရေးကို အဓိက အထောက်အကူ ပြုနိုင်သော စိုက်ပျိုးရေးဆိုင်ရာ မူဝါဒ၊ မွေးမြူရေးဆိုင်ရာ မူဝါဒများ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက် စေခဲ့ကြောင်း၊ ထိုဆောင်ရွက်စေမှုကြောင့် ယခု အခါ အသားငါး၊ ကြက်ဥမှစ၍ ဟင်းသီး၊ ဟင်းရွက် များအထိ စစ်သည်၊ မိသားစုများသာမက သက်ဆိုင် ရာ ဒေသများအထိ စားသောက်ရေးအပေါ် ထိရောက် သော အထောက်အကူ ဖြစ်စေခဲ့ကြောင်း။

ဟန်ချက်ညီဆောင်ရွက်

အလားတူ နေရေး၊ ဝတ်ရေး၊ သွားလာရေး၊ ပညာ ရေး၊ ကျန်းမာရေးအတွက် နိုင်ငံတော်နှင့် တပ်မတော်မှ ခွင့်ပြုထားသော ရပိုင်ခွင့်များကို သတ်မှတ်ထားသော မူဘောင်အတွင်းမှ ကောင်းစွာ စီမံခန့်ခွဲပေးခြင်းဖြင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊ မှန်ကန်သော အုပ်ချုပ်မှုစနစ်မှ ကောင်းမွန်သော သက်သာချောင်ချိမှုကိုဖြစ်စေပြီး ယင်းမှ အောင်မြင်မှု၏ အရေးအကြီးဆုံးဖြစ်သည့် စိတ်ဓာတ် ခိုင်မာကောင်းမွန်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်း တာဝန်များ ချောမွေ့စွာဖြင့် ရေရှည် အောင်မြင်မှုရရှိရန်မှာ လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်တို့သည် အားလုံး မရှိမဖြစ်လိုအပ်သော ဆက်နွှယ်မှုဖြစ်၍ အလေးထား ရန်လိုကြောင်း၊ အဆိုပါအချက် ၄ ချက်ကို ဟန်ချက် ညီဆောင်ရွက်နိုင်ခြင်းဖြင့် တပ်တွင်းစည်းလုံး ညီညွတ်မှုကို အလိုလိုခိုင်မာအောင် တည်ဆောက်ပြီးသား ဖြစ်နေမည် ဖြစ်ကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်အား တာဝန်ယူထိန်းသိမ်းခဲ့သည့် ၁ နှစ်နှင့် ၃ လ ကာလအတွင်း အကြမ်းဖက်အဖွဲများအနေဖြင့် နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက် ဖြင့် ဆန့်ကျင်ဘက်အဖွဲအစည်းမျိုးစုံက နည်းမျိုးစုံ ဖြင့် ကြိုးပမ်းလာခဲ့ကြောင်း၊ တည်ငြိမ်မှုကို လိုလား သည့် ပြည်သူလူထု၊ သစ္စာရှိဝန်ထမ်းများ၊ လုံခြုံရေး တပ်ဖွဲဝင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲများက ညီညွတ်သော အင်အားကြောင့် ၎င်းတို ၏
170 views01:33
Open / Comment
2022-05-04 04:24:00
အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် စစ်မှုသိပ္ပံနည်းပညာများအရ သင်ယူလေ့လာ လေ့ကျင့်မှုဖြင့်သာ ခေတ်မီတပ်မတော် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သော တပ်မတော်အဖြစ် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်။
124 views01:24
Open / Comment
2022-05-04 04:20:57
ဟုတ်လိမ့်မျယ်

https://m.facebook.com/story.php?story_fbid=491963079376702&id=100056890424602
.
112 views01:20
Open / Comment
2022-05-04 04:20:22
ကမ္ဘာကြီးရဲ့အနီးဆုံး လေထုမှာနေပြီး ယူကရိန်းကို ထိုင်ကြည့်နေမဲ့ ပေါ့ပေါ့ပါးပါး စစ်ဖက်ဆိုင်ရာ ဂြိုလ်တုတစ်ခုကို ပူတင် အောင်မြင်စွာ လွတ်တင်လိုက်ပြီ ။

နာဆာကလည်း စိတ်မသက်မသာနဲ့ အတည်ပြုတယ်၊ အောက်ဆုံးအလွာကနေ သူတို့ စောင့်ကြည့်နေတယ်တဲ့

အီလွန်မက်စ်ရဲ့ ဂြိုလ်တုအင်တာနက်က တကယ်တန်း မရဘူးတဲ့၊ တယ်လီနောတို့လို အဝိုင်းလည်နေတာ ဆိုပဲ

စစ်ဖက်ဆိုင်ရာဂြိုလ်တုတွေက ထောက်လှမ်းရေးရော ဒုံးအတွက်ရော ဒရုန်းအတွက်ရော တိုက်လေယာဉ်တွေ အတွက်ရော လေကာစနစ်ရော အကုန် အသုံးဝင်တယ် ။

စစ်ဖက်ဆိုင်ရာ အာကာသနည်းပညာမှာ ပူတင်တို့ ခြေတစ်လှမ်း ဦးသွားပြန်ပြီ ။

Dr. Nyan
123 views01:20
Open / Comment
2022-05-03 18:34:16
03.05.2022

ရုရှားသမ္မတ ပူတင်ဟာ နိုင်ငံခြားတိုင်းပြည်တွေရဲ့ မျှတမှုမရှိတဲ့ လုပ်ဆောင်ချက်တွေအတွက် လက်တုံ့ပြန်တဲ့ စီးပွားရေးအစီအမံများဆိုင်ရာ အမိန့်ကို လက်မှတ်ရေးထိုးလိုက်တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြလိုက်ပါတယ်။

ဒီအမိန့်မှာတော့ ရုရှားရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာ မည်သည့်ပုဂ္ဂိုလ် ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းမဆို ရုရှားနိုင်ငံတွင်း ကုန်သွယ်မှုပြုလုပ်နိုင်မှာ မဟုတ်သလို ပို့ကုန်တွေကနေလည်း အကျိုးအမြတ်ရရှိမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မယ့် စာရင်းကိုတော့ ၁၀ ရက်အတွင်းမှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။ (RT)

NOM
1.1K views15:34
Open / Comment
2022-05-03 18:20:51
မန္တလေးတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး အကြမ်းဖက်သမား ငါးဦးကို အသေနှင့် တစ်ဦးကို အရှင်ဖမ်းမိ ...

မေလ ၃၊ ၂၀၂၂

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၈ လမ်း၊ ၁၀၈x၁၀၉ လမ်းကြားရှိ Green House Inn ကို မေလ ၃ ရက်နေ့ မွန်းတည့် ၁၂:၀၀ နာရီက လုံခြုံရေးတပ်ဖွဲ့မှ ရှာဖွေစစ်ဆေးစဉ် အကြမ်းဖက်သမားများဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး အကြမ်းဖက်သမား ငါးဦးကို အသေနှင့် တစ်ဦးကို အရှင် ဒဏ်ရာဖြင့် ဖမ်းမိခဲ့ကြောင်း သိရသည်။

Green house Inn အခန်းအမှတ်၂၀၃ ကို လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးရန် အခန်းတံခါးဖွင့်ခိုင်းရာ အကြမ်းဖက်သမားများက အခန်းတွင်းမှ စတင်ပစ်ခတ်ခြင်း၊ ဘေးအိမ်အမိုးပေါ် ခုန်ချထွက်ပြေးခြင်း ပြုလုပ်သဖြင့် လုံခြုံရေးတပ်ဖွဲ့က ပြန်လည်ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက်သမား ကျား လေးဦးနှင့် မ တစ်ဦးကို အသေဖမ်းမိပြီး စိုးရိမ်ရဒဏ်ရာဖြင့် ကျားတစ်ဦးကို အရှင်ဖမ်းမိခဲ့သည်။

ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားများထံမှ ပစ္စတို တစ်လက်၊ ကျည် ကိုးတောင့်၊ အမှတ် ၉၁ တရုတ်လက်ပစ်ဗုံး တစ်လုံး သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

News Of Myanmar
photo fb
122 views15:20
Open / Comment
2022-05-03 06:13:40 မလေးရှား နိုင်ငံခြားရေးဝန်ကြီးက အာဆီယံအား အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် အလွတ်သဘော ထိတွေ့ဆက်ဆံရန် အဆိုပြုချက်အပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချ ...

(၂-၅-၂၀၂၂ ရက်၊ နေပြည်တော်)

၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်ထုတ် မလေးမေးလ် သတင်းစာတွင် “မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအား အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် အလွတ်သဘော ထိတွေ့ဆက်ဆံရန် အဆိုပြုသွားမည်ဖြစ်ကြောင်း” ဖော်ပြပါရှိသည့် သတင်းဆောင်းပါးကို နိုင်ငံခြားရေးဝန်ကြီးဌာနက တွေ့ရှိရသည်။

မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများသည် အကြမ်းဖက်အုပ်စုများအဖြစ် ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၁ ဖြင့် တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ထပ်မံအသိပေးအပ်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ မဆင်မခြင်နှင့် တာဝန်မဲ့ အဆိုပြုပြောကြားချက်သည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို အားပေးရာရောက်နိုင်သည့်အပြင် အကြမ်းဖက်မှုများ တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို အဟန့်အတားဖြစ်စေပြီး နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး သဘောတူညီချက်များကို ချိုးဖောက်ရာရောက်စေ သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း ဖော်ပြအပ်သည်။

ထို့ပြင် နောင်တွင် မလေးရှားနိုင်ငံအစိုးရ တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များ အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား ထိတွေ့ဆက်ဆံခြင်းနှင့် အားပေးပံ့ပိုးခြင်းများ မပြုလုပ်ရန်လည်း သတိပေး ဖော်ပြအပ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
1.0K views03:13
Open / Comment
2022-05-03 06:04:14
မလေးရှား နိုင်ငံခြားရေးဝန်ကြီးက အာဆီယံအား အကြမ်းဖက်အဖွဲအစည်းဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် အလွတ်သဘော ထိတွေ့ဆက်ဆံရန် အဆိုပြုချက်အပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက် ပယ်ချ။
771 views03:04
Open / Comment
2022-05-03 06:01:33 03.05.2022

နစက အဖွဲ့ဝင်အချို့အား ရာထူးတာဝန်များ ပြောင်းလဲခန့်အပ် -

နစက မှ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေ ပုဒ်မ-၄၁၉ အရ နစက အဖွဲ့ဝင်အချို့အား ရာထူးတာဝန်များ ပြောင်းလဲခန့်အပ်ကြောင်း မေ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကာ ဝန်ကြီးဌာန ၂ ခု၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသောင်းဟန်အား ပူးတွဲတာဝန်ထမ်းဆောင်ရန် ခန့်အပ်ခဲ့သည်။

ထိုပြင် ဒေါက်တာမိုးဇော်ထွန်းအား သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ ဦးမင်းသူအား သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒေါက်တာအောင်ဇေယျအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဦးသန့်စင်အား စွမ်းအင်ဝန်ကြီးဌာနတို့၏ ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီးဦးထွန်းအုံအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာ န၏ ဒုတိယဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခဲ့သည်။

ဗိုလ်ချုပ်ဇင်မင်းထက်အား ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်၍ ရဲချုပ်တာဝန်အား ပူးတွဲထမ်းဆောင်ရန် တာဝန်ပေးအပ်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တာဝန်အား ပူးတွဲတာဝန်ပေးအပ်ထားသည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်အား စစ်ဘက်မူလတာဝန်များအား ပြန်လည်ထမ်းဆောင်စေခဲ့သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဦးမင်းမင်းဦးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့ခန့်အပ် တာဝန်ပေးခဲ့သည်ဟု နစက မှ ထုတ်ပြန်ခဲ့သည်။

P.N
116 views03:01
Open / Comment