🔥 Burn Fat Fast. Discover How! 💪

မကွေးတိုင်းတွင် စျေးသည်လင်မယား တူမီးသေနတ်များဖြင့် ပစ်သတ်ခံရ | ZYH News

မကွေးတိုင်းတွင် စျေးသည်လင်မယား တူမီးသေနတ်များဖြင့် ပစ်သတ်ခံရ

ဇန်နဝါရီ ၁၈၊ ၂၀၂၂ (TRN)

မကွေးတိုင်းဒေသကြီးတွင် ဇန်နဝါရီ ၁၇ ရက်နေ့က စျေးသည်လင်မယားကို အကြမ်းဖက်များက တူမီးသေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်၊ မြို့မ ရက်ကွက်နေ ဦးကျန်ရှီး နှင့် ဒေါ်သေးစိန်တို့ ဇနီးမောင်နှံသည် ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် ၆ နာရီ ခွဲအချိန်ခန့်က ဇာဟောကျေးရွာသို့ စျေးရောင်းချရန် ဆိုင်ကယ်ဖြင့် သွားရောက်စဥ် ဇာဟော ကျေးရွာ တောင်ဘက် ၃ ဖာလုံခန့်အကွာ သင်တန်းကုန်းကျေးရွာ အရောက်၌ အကြမ်းဖက်များက ဒလန်ဟုစွပ်စွဲပြီး တူမီးသေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သဖြင့် ဦးကျန်ရှီးမှာ ဝဲပါးပေါက်ပြဲဒဏ်ရာ၊ ဝဲနားထင် ပေါက်ထွက်ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပေါက်ထွက်ဒဏ်ရာများ၊ ဇနီးဖြစ်သူ ဒေါ်သေးစိန်မှာ ယာလက်မောင်း ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ပေါက်ထွက်ဒဏ်ရာ၊ ကျောကုန်းတွင်ညိုမဲ ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

The River News TRN