🔥 Burn Fat Fast. Discover How! 💪

ရွှေပြည်သာမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်သည့်အိမ်မှ အီနာဂါဗုံးသီး | ZYH News

ရွှေပြည်သာမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်သည့်အိမ်မှ အီနာဂါဗုံးသီးများအပါအဝင် လက်နက်များမိ

News Of Myanmar ဧပြီလ ၂၉၊ ၂၀၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၃) ရပ်ကွက်၊ ကျူချောင်း၊ စစ်ကိုင်းလမ်း၊ အမှတ် (၃၆ )နေအိမ်တွင်ဧပြီလ၂၈ ရက်ည ၈ နာရီ ၂၅ မိနစ်နာရီအချိန်က ပေါပ်ကွဲမှုများဖြစ်ခဲ့သဖြင့် အိမ်ရှင်ကျော်ထွန်းပိုင်ကို ဖမ်းဆီးစစ်ဆေးရာမှ ဧပြီလ ၂၉ ရက်နေ့တွင် အဆိုပါအိမ်မှ လက်နက်ခဲယမ်းများထပ်မံသိမ်းဆည်းရမိကြောင်းသိရသည်။

ပူးပေါင်းအဖွဲ့သည် ပေါက်ကွဲပျက်စီးနေသောအိမ်ကို အသေးစိတ်ရှာဖွေခဲ့ရာ အိမ်အတွင်းမှ M4 ကာဘိုင်သေနတ်တစ်လက်၊ကျည်အိမ်လေးခု၊ ပစ္စတိုတစ်လက်၊ ကျည်အိမ်သုံးခု၊ Thai Arms.380 ကျည် ၁၀၇ တောင့်၊ DAG ကျည် ၄၅၂ တောင့်၊ အီနာဂါဗုံးသီး ၉ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိကြောင်းသတင်းရရှိသည်။