🔥 Burn Fat Fast. Discover How! 💪

ဒေသခံတစ်ဦးကို ပစ်ခတ်​ပြီးနောက် NLDပါတီဝင်နှစ်ဦးပြန်ပြီး ပစ်ခ | ZYH News

ဒေသခံတစ်ဦးကို ပစ်ခတ်​ပြီးနောက် NLDပါတီဝင်နှစ်ဦးပြန်ပြီး ပစ်ခတ်ခံရ

နေပြည်တော်၊ မေ ၁

လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာမှာ ​​ ဒေသခံတစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်ခံရပြီးနောက် အဲ့ဒီ​နေ့ည ကိုးနာရီခွဲခန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်းက ပန်းဒလ​ဲကျေးရွာသားတစ်ဦးဖြစ်တဲ့ ဒေါ်သန်းသန်းသက် ကို သေနတ်ကိုင်အုပ်စုတစ်စုကလာရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပြီး
Dawei Defense Team(DDT) က ဒေါ်သန်းသန်းသက်ကို သူတို့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အဲ့ဒီညပိုင်းမှာတော့ အဲ့ဒီကျေးရွာမှာနေတဲ့ NLD ပါတီဝင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

"ပစ်ခံရတာက ၄ ဦးပါ ၃ ဦးသေတယ် တစ်ဦးဒဏ်ရာရတယ်။ မနက်ပိုင်းမှာ အမျိုးသမီး တစ်ယောက် ညနေပိုင်းမှာ အမျိုးသား ၃ ယောက်ပေါ့ မနက်ပိုင်အမျိုးသမီးကဆုံးပြီး ညနေပိုင်းမှာအမျိုးသား ၃ယောက်က ၁ ယောက်ဒဏ်ရာရ ၂ ယောက်သေတယ်။ ညနေပိုင်း ပစ်ခံရတဲ့ ၃ ယောက်က NLD တွေဟုတ်ပါတယ်" ဒေသခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

ပစ်ခတ်ခံရတဲ့ NLD ပါတီဝင်တွေကတော့ ဦးကျော်ဌေးအသက် ငါးဆယ်ကျော် ဦးခေါင်းဒဏ်ရာ၊ ဦးဖေသန်း အသက် ခုနှစ်ဆယ်ကျော် ဝမ်းဗိုက်၊ ဆီးခုံ ဒဏ်ရာ၊ ဦးဖေမော်( ကျေးနုပြင်ရွာသား) အသက်ငါးဆယ်ကျော် လည်ပင်းဒဏ်ရာဖြင့် တွေရရှိခဲ့ကြတာဖြစ်ပါတယ်။

NLD ပါတီဝင် ကျေးရွာမီးလင်းရေးကော်မတီဝင်ဖြစ်သူ မောင်မောင် ဆိုသူအား ထွက်ပြေးသွားလို့ လွတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

NLD ပါတီဝင်တွေကိုပစ်ခတ်ခဲ့တာ ဘယ်သူ့လက်ချက်ဆိုတာမသိရပေမယ့် ေသွးသောက်အဖွဲ့ကတော့ အေးချမ်းစွာနေထိုင်တဲ့ပြည်သူ ရဟန်းသံဃာ နိုင်ငံဝန်ထမ်း အခြားပါတီဝင်တွေ တစ်ဦးကိုအကြောင်းမဲ့သတ်ဖြတ်ရင် NLD အစွန်းရောက်တွေ ၁၀ ယောက် ပြန်ပေးဆပ်ရမှာဖြစ်ပြီး အညှိုးအတေးမရှိဘူးလို့ ပြောဆိုထားပါတယ်။

#myanma_gone