🔥 Burn Fat Fast. Discover How! 💪

မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ NLD ပါတီ စည်းရုံးရေးမှူး ဇော်က | ZYH News

မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ NLD ပါတီ စည်းရုံးရေးမှူး ဇော်ကြီး သတ်ဖြတ်
ခံရသဖြင့် သေဆုံး
……………………………….

မန္တလေး၊ မေ ၂

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ NLD ပါတီ စည်းရုံးရေးမှူး ဦးဇော်ကြီးသည် ယနေ့ နံနက်ပိုင်းက လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

ဦးဇော်ကြီးကို လုပ်ကြံသတ်ဖြတ်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း သွေးသောက်အဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်အပေါ် သွေးသောက်အဖွဲ့က “အမရပူရ၊ NLD ပါတီစည်းရုံးရေးမှူး PDF ဒလန်ဇော်ကြီးကို ရှင်းလင်းလိုက်ကြောင်း” ထုတ်ပြန်ထားသည်။

လက်ရှိအချိန်၌ NUG/CRPH/NLD/PDF အဖွဲ့များနှင့် ပတ်သက်သူများကို သွေးသောက်အဖွဲ့က ရှင်းလင်း လျက်ရှိနေသလို အဆိုပါအဖွဲ့သည် တပ်မတော်နှင့် လုံးဝပတ်သက်ခြင်းမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ PDF အဖွဲ့၏ လက်ချက်ကြောင့် သံဃာတော်များ၊ သီလရှင်များ၊ နိုင်ငံရေးဝန်ထမ်းများအပါအဝင် ပြည်သူတစ်ထောင်ကျော် သေဆုံးခဲ့ရသည်။

#Newvisionmedia