🔥 Burn Fat Fast. Discover How! 💪

တာဝန်ရှိသူများအနေဖြင့် တာဝန်ထမ်းဆောင်သူများ ကြောင့်ကြမှုကင်းစွ | ZYH News

တာဝန်ရှိသူများအနေဖြင့် တာဝန်ထမ်းဆောင်သူများ ကြောင့်ကြမှုကင်းစွာတာဝန်ထမ်းဆောင်နိုင်ရေးအတွက် ၎င်းတို့၏ မိသားစုများဘဝလုံခြုံမှုရှိစေရန် အမိအဘစိတ် ဓာတ်ဖြင့် စောင့်ရှောက်ရမည်ဟု နစက ဒု-ဥက္ကဋ္ဌပြော

နစက ဒု- ဥက္ကဋ္ဌ၊ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ခ မောက်ကြီး၊ဘုတ်ပြင်းနှင့်ကျွန်းစုတပ်နယ်မှ အရာ ရှိ၊စစ်သည်၊မိသားစုဝင်များအား တွေ့ဆုံအမှာစ ကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်သားများသည် ၂၄ နာရီ တာဝန်ရှိသူ များဖြစ်၍ တိုင်းပြည်တွင်ကျရောက်လာသည့် အဖျက်အမှောင့်နှင့်ဘေးအန္တရာယ်အမျိုးမျိုးအား ကာကွယ်နေသကဲ့သို့ တစ်ဖက်တွင်လည်း စားရေ ရိက္ခာပေါများရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား တပ်ရင်း၊တပ်ဖွဲ့၊တပ်နယ်အ လိုက်ဆောင်ရွက်ကာ တပ်မိသားစုအပြင် သက် ဆိုင်ရာနယ်မြေအပေါ် အထောက်အပံ့ဖြစ်စေရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။

"နိုင်ငံတော်၊နိုင်ငံသား၊တပ်မတော်အတွက် အ သက်ကိုစွန့်လွှတ်ဖို့ အဓိဌာန်ပြုသစ္စာကို နေ့စဉ်ရွတ်ဆိုနေသူတွေဖြစ်ပြီး နိုင်ငံတော်နဲ့တပ်မတော်ကပေးတဲ့ နေထိုင်စားသောက်မှုမှအစ ပညာရေး၊ကျန်းမာရေးအဆုံးအကျိုးကျေးဇူးတွေအတွက် ကျေးဇူးတရားနဲ့သစ္စာကို ပြန်လည်စောင့်သိကြဖို့လိုပါတယ်"ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် နိုင်ငံတော်မှ စားရေး၊ဝတ်ရေး၊နေရေး၊သွားလာရေး၊ပညာရေး၊ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ စစ်သည်မိသား စုများ အဆင်ပြေချောမွေ့စေရန် တာဝန်ရှိသူများမှ စနစ်တကျစီမံခန့်ခွဲပေးရမည်ဟုပြောသည်။

တာဝန်ရှိသူများအနေဖြင့် တာဝန်ထမ်းဆောင်သူများ ကြောင့်ကျမှုကင်းစွာတာဝန်ထမ်းဆောင်နိုင်ရန် ၎င်းတို့၏မိသားစုများဘဝ လုံခြုံမှုရှိစေရန် အမိအဘစိတ်ဓာတ်ဖြင့် စောင့်ရှောက်သွားရမည်ဖြစ်ကာ ရှိပြီးဖြစ်သည့် တပ်တွင်းစည်းလုံးညီ ညွတ်မှုအား ခိုင်မာအောင် ဆက်လက်တည် ဆောက်သွားရမည်ဟု ပြောသည်။

"အဲ့လို တည်ဆောက်ရာမှာ အပြန်အလှန်ယုံကြည်မှုနဲ့နားလည်မှုရှိတဲ့ အထက်အောက်ဆက်ဆံရေးရှိဖို့လိုအပ်ပြီး မိသားစုစိတ်ဓာတ်နဲ့ဝိုင်းဝန်းလုပ်ကိုင် ဆောင်ရွက်ကြဖို့လိုအပ်ပါတယ်"ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

အလားတူ တပ်မတော်၏ အဓိကတာဝန်သည် နိုင် ငံတော်ကာကွယ်ရေးဖြစ်၍ နိုင်ငံ၏အကျိုးစီးပွားနှင့်ပတ်သက်လာပါက ပေးအပ်သည့်တာဝန်အား လေ့ကျင့်သင်ကြားပေးထားသည့် စစ်ပညာများ အသုံးချ၍ ရဲရဲဝံ့ဝံ့ အောင်မြင်စေရန် ဆောင်ရွက်ရမည်ဟုပြောသည်။

"မိမိတို့နဲ့သက်ဆိုင်တဲ့ လုံခြုံရေးဆိုင်ရာ အသိသ တိတွေနဲ့ မဆုတ်မနစ်ဆောင်ရွက်သွားမှသာ တိုင်း ပြည်ကအားထားရတဲ့ ပြည်သူကအားကိုးရတဲ့ တပ်မတော်ကဂုဏ်ယူအားထားရတဲ့ စစ်သည်တော်ကောင်းတွေ ဖြစ်လာမှာဖြစ်ပါတယ်"ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

#TFM