🔥 Burn Fat Fast. Discover How! 💪

မတ္တရာမြို့နယ်တွင် ဈေးဆိုင်ပိုင်ရှင်တစ်ဦးကို အကြမ်းဖက်အမျိုးသာ | ZYH News

မတ္တရာမြို့နယ်တွင် ဈေးဆိုင်ပိုင်ရှင်တစ်ဦးကို အကြမ်းဖက်အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ဈေးဝယ်ဟန်ဆောင်ကာ သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွား

မေလ ၁၁၊ ၂၀၂၂

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝန်တင်ကုန်းကျေးရွာတွင် မတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်က အဆိုပါကျေးရွာရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးကို အကြမ်းဖက်အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ဈေးဝယ်ဟန်ဆောင်ကာ သေနတ်ဖြင့် အနီးကပ်ပစ်သတ်သွားကြောင်းသိရသည်။

ဦးအောင်စိုးသည် ၎င်း၏နေအိမ်စျေးဆိုင်၌ရှိနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် အကြမ်းဖက် အမျိုးသားတစ်ဦး နှင့် အမျိုးသမီး တစ်ဦးတို့ ရောက်လာပြီး ဈေးဝယ်ဟန်ဆောင်ကာ ဦးအောင်စိုးအား သေနတ်ဖြင့်အနီးကပ် ပစ်ခတ်ထွက်ပြေးသွားသဖြင့် ဦးအောင်စိုးမှာ ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်ရာတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။