🔥 Burn Fat Fast. Discover How! 💪

KBZ ဘဏ်ငွေသိမ်းသည့် ကားမှငွေကျပ် သိန်း ၃၀၀၀ လုယက်ခံရ မေလ ၁၃၊ | ZYH News

KBZ ဘဏ်ငွေသိမ်းသည့် ကားမှငွေကျပ် သိန်း ၃၀၀၀ လုယက်ခံရ

မေလ ၁၃၊ ၂၀၂၂ TRN

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ပင်လုံလမ်း၊ အမှတ်(၃၆)ရှိ ကမ္ဘောဇဘဏ်ခွဲ (၁) သို့ငွေလာသိမ်းသည့်ကားမှ ငွေများကိုအကြမ်းဖက်သမားများက မေလ ၁၃ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်ခန့်က လုယက်ယူသွားကြောင်းသိရသည်။

ဘဏ်ယာဉ်မောင်း နှင့် လုံခြုံရေးဝန်ထမ်းနှစ်ဦးသည်မော်တော်ယာဉ်ဖြင့် မြို့နယ်များရှိကမ္ဘောဇဘဏ်အသီးသီးမှ ငွေများသိမ်းဆည်းပြီး ဘဏ်ခွဲ(၁)သို့ငွေသိမ်းရန်ရောက်စဉ် အကြမ်းဖက်အမျိုးသားငါးဦးက ပရိုဘောက်စ်ယာဉ်အဖြူရောင်ဖြင့်ရောက်လာပြီး ဓားများဖြင့်ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၃၀၀၀ ကိုလုယူယက်ပြီး ပရိုဘောက်စ်ယာဉ်ဖြင့်ထွက်ပြေးသွားကြောင်းသိရသည်။