🔥 Burn Fat Fast. Discover How! 💪

ပြည်လမ်းနှင့် အင်းယားလမ်းထောင့်ရှိ Police Box တွင် လုံခြုံရေးဆ | ZYH News

ပြည်လမ်းနှင့် အင်းယားလမ်းထောင့်ရှိ Police Box တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်နှစ်ဦးကို အကြမ်းဖက်သမားနှစ်ဦးမှ သေနတ်ဖြင့်အနီးကပ်ပစ်ခတ်သွား၊ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရ

News Of Myanmar မေလ ၁၃၊ ၂၀၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၂) ရပ်ကွက်၊ ပြည်လမ်းနှင့် အင်းယားလမ်းထောင့်ရှိ ယာဉ်ထိန်း Police Box တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်နှစ်ဦးကို မေလ ၁၃ ရက်နေ့ ည ၇ နာရီ ၅ မိနစ်အချိန်တွင် အကြမ်းဖက်သမားနှစ်ဦးမှ ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။

အကြမ်းဖက်လူငယ် နှစ်ဦးသည် လမ်းသွားလမ်းလာဟန်ဆောင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အနီးကပ် ၁၁ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။