🔥 Burn Fat Fast. Discover How! 💪

ခင်ဦးမြို့ပေါ်က နာမည်ကြီးစတိုးဆိုင်PDF ဓားပြတိုက် *********** | ZYH News

ခင်ဦးမြို့ပေါ်က နာမည်ကြီးစတိုးဆိုင်PDF ဓားပြတိုက်
*************************************

မေ ၊ ၂၀-၂၀၂၂


စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့ ၊ အောင်ချမ်းသာရပ်ကွက် ၊ ဗိုလ်ချုပ်ကြေးရုပ်အနီးမှာရှိ စားသောက်ကုန်နဲ့ စတိုးဆိုင်ဟာ မနေ့က ၊ ညနေပိုင်းမှာPDF မှ ဓားပြတိုက်ပြီး ဆိုင်ထဲရှိ ပစ္စည်းတွေ ဖျက်ဆီးခံရတယ်လို့ ခင်ဦးမြို့ခံတွေဆီက သိရပါတယ်။

" သေနတ်တွေကိုင်ထားတဲ့PDF လူငယ် ၁၀ ယောက်ကျော်က ဟန်နီစတိုးကို ဓားပြတိုက် လုယက်ဖျက်ဆီးသွားတာ " လို့ အဲ့ဒီစတိုးဆိုင် အနီးဝန်းကျင်က ပြောပါတယ်။

သေနတ်တွေကိုင်ပြီး စတိုးဆိုင်ထဲဝင်ရောက်လာသူတွေက ကောင်တာထဲက ပိုက်ဆံ သိန်း ၂၀ ကျပ် ၊ ဆိုင်ဝန်ထမ်းတွေရဲ့ လက်ကိုင်ဖုန်း ၂ လုံး ၊ ဆိုင်မှာတပ်ဆင်ထားတဲ့ CCTV ကွန်ပျူတာဘောက်တွေကို ယူဆောင်ပြီး ဆိုင်ထဲက မှန်ကောင်တာတွေနဲ့ စျေးကုန်ပစ္စည်းတွေကို ရိုက်ချိုးဖျက်ဆီးသွားတာဖြစ်ပါတယ်လို့ သိရပါတယ်