🔥 Burn Fat Fast. Discover How! 💪

အစည်းအဝေးများမှညွှန်ကြားချက် ၂၆ရက်နေ့မှစ၍ အခြေခံပညာကျောင်းမျာ | ZYH News

အစည်းအဝေးများမှညွှန်ကြားချက်

၂၆ရက်နေ့မှစ၍
အခြေခံပညာကျောင်းများ
စတင်၍ကျောင်းအပ်လက်ခံပါမည်။

မည်သည့်အခကြေးငွေမျှကောက်ခံခြင်းမပြုရပါ။
မည်သည့်တံစိုးလက်ဆောင်မျှယူငင်ခြင်းမပြုရပါ။
ကျောင်းလာအပ်သည့်ကျောင်းသားတစ်ဦးချင်းစီ
ကျောင်းသားကိုင်စာအုပ် ဗလာစာအုပ် ခဲတံအခမဲ့
အခြေခံပညာမူလတန်းအဆင့်
ကျောင်းသားများအတွက် ဝတ်စုံတစ်စုံ အခမဲ့
လာအပ်သည့်နေ့တွင်းချင်းပေးလိုက်ပါရန်။
ကျောင်းပြောင်းထွက်မှတ် ကျောင်းထွက်လက်မှတ်
မပါကလည်း လက်ခံပေးကြပါရန်။
နေ့စဉ်ကျောင်းအပ်လက်ခံသည့်
ကျောင်းသားစာရင်းကိုရုံးသို့အချိန်မီပေးပို့ကြရန်။


အဖြူအစိမ်းယူနီဖောင်းဝတ်၍လက်ခံကြရန်။
မနက်ကိုးနာရီမှ ညနေလေးနာရီထိ
တစ်နေ့လုံးကျောင်းအပ်လက်ခံကြရန်။

လုံခြုံရေးစီမံချက်ရေးဆွဲထားကြရန်။
အတွင်းစည်း၊အပြင်စည်း ပူးပေါင်း၍
ဆောင်ရွက်ကြရန်။

၂.၆.၂၀၂၂ တွင်တာဝန်ကျရာကျောင်း၌
ဆရာ/ဆရာမများ မပျက်မကွက်(မပျက်မကွက်)
စုံလင်စွာ တာဝန်ထမ်းဆောင်ကြရန်။

စတုတ္ထတန်းစနစ်ဟောင်းအောင်မြင်ပြီး၍
အောင်စာရင်းထုတ်ပြီးသားသူများ
၂၀၁၉အောင်များအနေဖြင့်၂၀၂၁စာသင်နှစ်၌
Grade-6စနစ်သစ် တက်ရမည်ဖြစ်သော်လည်း
အကြောင်းကြောင်းကြောင့် မတက်ရောက်ဖြစ်ခဲ့သူများအား
ယခုနှစ်တွင်လည်းGrade-6ကိုသာ
တက်ရောက်ရမည်ဖြစ်ပြီး
Grade-6စနစ်သစ်အတန်း၌လက်ခံပေးကြရန်။

စတုတ္ထတန်းစနစ်ဟောင်း၌ အကြောင်းအမျိုးမျိုးကြောင့်
အောင်စာရင်း၌မပါသူများ
တတိယတန်းစနစ်ဟောင်းအောင်မြင်ပြီး၍
စတုတ္ထတန်းစနစ်ဟောင်းကို
မတက်ခဲ့ရသူများကိုလည်း ယခုစာသင်နှစ်တွင်
Grade-5စနစ်သစ်တွင်လက်ခံပေးကြရန်။
တိုင်းဒေသကြီးပညာရေးမှူးများမှ
မြို့နယ်ပညာရေးမှူးများသို့
ညွှန်ကြားထားသည်ဟုသိရှိရပါသည်။
အခြေခံပညာကျောင်းများလည်း
ဆက်လက်ဆောင်ရွက်သွားရန်
လမ်းညွှန်ထားပါသည်။

#CrdUZawMinAung