🔥 Burn Fat Fast. Discover How! 💪

၂၀၂၂ မေ ၂၁ ၀၁၀၀ အချိန် မမစ(ထန်းတပင်)၏ တောင်ဘက်(၇)မိုင်ခန့်အကွာ | ZYH News

၂၀၂၂ မေ ၂၁ ၀၁၀၀ အချိန် မမစ(ထန်းတပင်)၏ တောင်ဘက်(၇)မိုင်ခန့်အကွာ ထန်းတပင်မြို့နယ်၊ ထိန်နှစ်ပင်ကျေးရွာ အုပ်စု၊ စည်ပင်သာကျေးရွာ အနောက်ရှိ ပိုင်ရှင်(စိစစ်ဆဲ) လယ်ကွင်းအတွင်း လူနေထိုင်ခြင်းမရှိသည့် ယာယီတဲများတွင် အထောက်အထားမဲ့ ဘင်္ဂါလီလူမျိုးများ လာရောက်နေထိုင်လျက်ရှိကြောင်း

သတင်းအရ ပူးပေါင်းအဖွဲ့မှ သွားရောက်စိစစ်ခဲ့ရာ မိုဟာမက်ကိုဗော (၄၂)နှစ်၊ (ဘ)နော်လူဆာမာ၊ အောင်ပိုက်စေကျေးရွာ၊ ကျောက်တော်မြို့နယ်ရခိုင်ပြည်နယ် နေသူပါ ဘင်္ဂါလီလူမျိုး ကျား ၄၄ ဦး၊ မတော်စမီဒါ (၁၈)နှစ် (ဘ)ဟာရှင်း၊ မောင်နရွာ၊ အလယ်ချောင်း အုပ်စုဘူးသီးတောင်မြို့နယ်နေသူ ပါ ဘင်္ဂါလီလူမျိုး မ ၂၇ ဦး ပေါင်း ၇၁ ဦးနှင့်အတူ

ဝင်းနောင်ဆွေ (၃၆)နှစ်၊ (ဘ)ဦးမြသောင်း ၁၄/ကလန(နိုင်)၁၀၃၃၅၃၊ ဗမာ/ဗုဒ္ဓ၊ ခြံစောင့်၊ စည်ပင်သာကျေးရွာ၊ ထိန်နှစ်ပင်ကျေးရွာအုပ်စု ထန်းတပင်မြို့နယ် လွင်မင်းဦး (၃၀)နှစ်၊ (ဘ)ဦးဌေးဦး၊ ၇/ကဝန (နိုင်)၂၀၄၈၄၃၊ ဗမာ/ဗုဒ္ဓခြံစောင့်၊ စည်ပင်သာကျေးရွာ၊ ထိန်နှစ်ပင်ကျေးရွာအုပ်စု ထန်းတပင်မြို့နယ်နေသူတို့အား အထောက်အထားမဲ့ တရားမဝင်လာရောက်နေထိုင်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် မမစ(ထန်းတပင်)၌ ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကြောင်း ကနဦးသတင်းရရှိ။