🔥 Burn Fat Fast. Discover How! 💪

ဘိုင်ဒင်အား ဂျပန်တွင် ဆန့်ကျင်ဆန္ဒပြ သူ့ရဲ့ ပထမဆုံးအာရှခရီးစဉ | ZYH News

ဘိုင်ဒင်အား ဂျပန်တွင် ဆန့်ကျင်ဆန္ဒပြ

သူ့ရဲ့ ပထမဆုံးအာရှခရီးစဉ်မှာ ဂျပန်နိုင်ငံကို တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို တိုကျိုမြို လူစည်ကားတဲ့ ရှင်ဂျုကုဧရိယာမှာ လူတွေက ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဂျပန်နိုင်ငံက စစ်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူတွေက ဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ်တို တွေ့ဆုံပြီး Quad ထိပ်သီးအစည်းအဝေးတက်ရောက်ကြမှာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။ ဂျပန်နိုင်ငံကို စစ်ရေးကိစ္စတွေထဲ ဆွဲသွင်းတာကို ဂျပန်ပြည်သူတွေက မလိုလားတဲ့အကြောင်းနဲ့ ဒါမျိုးကိုခွင့်မပြုနိုင်ကြောင်း ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဂျိုးဘိုင်ဒင်ဟာ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနဲ့တွေ့ုဆုံပြီး Quad အစည်းအဝေးကို တက်ရောက်ဖို မျှော်လင့်ထားပါတယ်။