🔥 Burn Fat Fast. Discover How! 💪

'မိတ္ထီလာမြို့အဝင် အနီး လုယက်မှုဖြစ်ပွား ၊ လုယက်သူများကို ပြည် | ZYH News

"မိတ္ထီလာမြို့အဝင် အနီး လုယက်မှုဖြစ်ပွား ၊ လုယက်သူများကို ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီး"

24.5.2022 နေ့လည် 12:00 ခန့် တွင် မိတ္ထီလာမြို့အဝင် ကန်နောင်အုပ်စု ကန်သာအေးရွာဘုန်းကြီးကျောင်းအနီး ချစ်သူနှစ်ဦးချိန်းတွေ့နေရာသို့ လူသုံးဦးရောက်ရှိလာပြီး ၎င်းစုံတွဲထံမှ ပိုက်ဆံအိတ်နဲ့ရွှေများလုယက်ပြီး အော်ဟစ်အကူအညီတောင်းသူ အမျိုးသမီးအား အကြမ်းဖက်လုယက်သူများမှ ဓားဖြင့်ခုတ်သဖြင့် လက်တစ်ဖက်တွင် ပြတ်ရှဒဏ်ရာရပြီး အမျိုးသားတွင် ဦးခေါင်းနောက်စေ့၌ ပြတ်ရှဒဏ်ရာရသွားကြောင်းသိရသည်။
အကြမ်းဖက်လုယက်ရမ်းကားများအား အနီးရှိပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးရာ နှစ်ဦးအား ဖမ်းမိပြီး တစ်ဦးမှ ထွက်ပြေးလွတ်မြောက်‌သွားကြောင်းသိရသည်။

ဖမ်းမိသော အကြမ်းဖက်လုယက်သူနှစ်ဦးကို ပြည်သူများမှ ဝိုင်းဝန်းဆုံးမခဲ့ကြောင်း သိရှိရသည်။