🔥 Burn Fat Fast. Discover How! 💪

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် အမျိုးသားတစ်ဦး လက်လုပ်မိုင်း | ZYH News

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် အမျိုးသားတစ်ဦး လက်လုပ်မိုင်းပေါက်ကွဲပြီး သေဆုံး

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ထန်းတပင်ကွက်သစ်၊ ထန်းတပင်တောရဘုန်းကြီးကျောင်းရှေ့တွင် မေ လ၃၀ရက်နံနက်၅နာရီကျော်က အမျိုးသားတစ်ဦး လက်လုပ်မိုင်းထောင်ရန် ပြုလုပ်စဉ် လက်လုပ်မိုင်း ပေါက်ကွဲခဲ့ပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

``မနက်အစောကြီးကို ဗုံးပေါက်ကွဲသံကြားလို့ ထွက်ကြည့်လိုက်တော့ ထန်းတပင်ဘုန်းကြီးကျောင်းရှေ့မှာ
ယောကျာ်းလေးတစ်ယောက်သွေးအိုင်ထဲမှာ သေနေတာတွေ့ရတယ်။ခဏလောက်နေတော့ လုံခြုံရေးအဖွဲ့တွေရောက်လာပြီး စစ်ဆေးရေးလုပ်နေတာတွေ့ရတယ်´´ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ မေလ၃၀ရက်နံနက် ၅နာရီ၁၅မိနစ်က နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ထန်းတပင်ကွက်သစ်၊ ထန်းတပင်တောရဘုန်းကြီးကျောင်းရှေ့တွင် ဗုံးပေါက်ကွဲ၍ အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ ရှိန်းလင်းဇော်၊ ၂၉နှစ်၊ (ဘ)ဦးကျော်အေး ၊စိန်ပန်းပြာ (၁၀)လမ်း၊ ရွှေကြာပင်ရပ်ကွက်နေသူအား ၎င်းအနီးတွင် အရှည် ၁၀ လက်မခန့်၊ အချင်း ၁ လက်မခွဲခန့်၊ သံဘောစိများ ပေါက်ကွဲထားသော လက်လုပ်မိုင်းတစ်လုံးနှင့်အတူ ဝဲလက်ဖဝါး စုတ်ပြဲဒဏ်ရာများ
ဖြင့် လဲကျနေသည်ကိုတွေ့ရပြီး ၎င်းအနီးတွင် နံပါတ်ပြားမပါ CANDA -125 အမျိုးအစား CZI နီ/နက် ဆိုင်ကယ် (၁)စီး ဖြင့် လက်လုပ်ဗုံးများ ထောင်ရန် လုပ်နေစဉ် ပေါက်ကွဲပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။