Get Mystery Box with random crypto!

Myanmar Idol Season 2အဆိုတော် ဇင်ကြီး သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံး | ZYH News

Myanmar Idol Season 2အဆိုတော် ဇင်ကြီး သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံး

ဇွန်(၆)၂၀၂၂ရန်ကုန်

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဧကရာဇ်ဟိုတယ်ဘေး အလုပ်သမားတန်းလျားတွင် ဇွန်လ၅ရက်ည၁၁နာရီခွဲက Myanmar Idol Season 2အဆိုတော် ဇင်ကြီးသည် အမည်မသိအမျိုးသား၄
ဦးမှ သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှသိရသည်။

``လက်နက်ကိုင်သေနတ်သမားလေးယောက်က ဇင်
ကြီးကိုပစ်ပြီး ပြန်အထွက် ဟိုတယ် ကားဝင်ပေါက် ဧကရာဇ် Beauty Sloon ဆိုင်ဘေးအရောက်မှာ ထွက်ကြည့်နေတဲ့ကောင်တွေ အားလုံးပစ်လို့အော်ဟစ်
ပြီး ဧကရာဇ် Beauty Sloon ဆိုင်ရှေ့မှာရှိတဲ့ အမျိုးသမီးတစ်ယောက်ကိုလည်း သေနတ်နဲ့ ပစ်ခတ်လိုက်တာေ ခေါင်းကိုသေနတ်ကျည်ဆံမှန်ပြီး ပစ်ခံရတဲ့နေရာမှာသေသွားတယ်´´ဟု ဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ဇွန်လ၅ရက်ည၁၁နာရီခွဲက ဒဂုံမြို့သစ်(
မြောက်ပိုင်း)မြို့နယ်၊ ဧကရာဇ်ဟိုတယ်ဘေး အလုပ်သမားတန်းလျားသို့ အမည်မသိအမျိုးသားလေးဦး ရောက်ရှိလာပြီး Myanmar Idol Season 2အဆိုတော် ဇင်ကြီး (ခ)ဇင်းဝင်းထိုက်အား သေနတ်ဖြင့် လေးချက်ခန့်ပစ်ခတ်ခဲ့ရာ ဇင်ကြီးမှာ ဝဲဘက်လက်မောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ချိုစောင်း ရှပ်ထိဒဏ်ရာ ၁ ချက်၊ ဝဲဘက်မျက်လုံး ဖူးရောင်ဒဏ်ရာ ၁ ချက်၊ ဝဲလက် ကျိုးဒဏ်ရာ၊ ဝဲမျက်လုံးဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

#The. Mandalay. Times