Get Mystery Box with random crypto!

'အကြမ်းဖက်များမှ သံဃာတစ်ပါးကို ဒလန်ဟုစွပ်စွဲကာ ရိုက်နှက်' နို | ZYH News

"အကြမ်းဖက်များမှ သံဃာတစ်ပါးကို ဒလန်ဟုစွပ်စွဲကာ ရိုက်နှက်"

နိုဝင်ဘာ ၂၇၊ ၂၀၂၁ (TRN)

အကြမ်းဖက်များက ပုလဲမြို့နယ်၊ ကြောင်ဒူးဝါးကျေးရွာ မှ ဆရာတော်တစ်ပါးကို ဒလန်ဟုစွပ်စွဲကာ နှိပ်စက်ညှင်းပန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၂၅ ရက်နေ့က ကြောင်ဒူးဝါးကျေးရွာ၊ ရွာဦးကျောင်းတိုက်သို့ အကြမ်းဖက်အင်အား ၁၀ ဦးခန့် ရောက်လာပြီး ဆရာတော်အား ခေါ်ဆောင်၍ ၎င်းတို့အား ထောက်ခံရန်နှင့် ကျေးရွာသတင်းများကို အခြားသော အဖွဲ့အစည်းများထံ ပေးပို့ခြင်းမပြုလုပ်ရန် ပြောဆိုခဲ့ကြောင်း၊ ဆရာတော်မှ မိမိမှာ ဘုရားသားတော်ဖြစ်သည့်အတွက် နိုင်ငံရေးအား စိတ်မဝင်စားကြောင်း ပြောဆိုခဲ့သည့်အတွက် ဒလန်ဟုစွပ်စွဲကာ ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဆရာတော်က အသက်လည်းကြီးပြီ၊ ခြေထောက်လည်း သိပ်မသန်ဘူး၊ တရားပဲလုပ်တဲ့ ဆရာတော်ပဲဖြစ်တယ်။ အဲ့ဒါကို သူတို့ကို မထောက်ခံလို့ဆိုပြီးတော့ ရိုက်နှက်သွားတာ အခု ဆေးရုံတင်ထားရပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းထုတ်ပြန် ချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာ ၁၆ ရက်နေ့အထိ သံဃာ ၁၃ ပါး လုပ်ကြံသတ်ဖြတ်ခံ ခဲ့ရပြီး တချို့သောဆရာတော်များကို နှိပ်စက်ညှင်းပန်း မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

The River News TRN