Get Mystery Box with random crypto!

'ချောင်းဦး-မုံရွာကားလမ်းတွင် လက်လုပ်ရှော့တိုက်မိုင်းဖောက်ခွဲတိ | ZYH News

"ချောင်းဦး-မုံရွာကားလမ်းတွင် လက်လုပ်ရှော့တိုက်မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် ခရီးသွားအချို့ထိခိုက်ဒဏ်ရာရ'

ဒီဇင်ဘာ ၃၊ ၂၀၂၁ (TRN)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မြေနဲ
ကျေးရွာအနီးတွင် ဒီဇင်ဘာ ၂ ရက် နံနက် ၁၁
နာရီခန့်က လက်လုပ်ရှော့တိုက်မိုင်းပေါက်ကွဲ
မှုဖြစ်ပွားခဲ့ပြီး ခရီးသွားအချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်နေ ဇင်လှိုင်မင်း မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေ မျိုးဇော်အောင်နှင့် မင်္ဂလာဒုံမြို့နယ်၊ ဝါယာလက်ရပ်ကွက်နေ ဦးအောင်မြင့်တို့ စီးနင်းလိုက်ပါလာသည့် ၂၂ ဘီးကုန်တင်ယာဉ်သည် ချောင်းဦး-မုံရွာကားလမ်းအတိုင်းမောင်းနှင်လာစဉ် မြေနဲကျေးရွာအနီး မိုင်တိုင် အမှတ် ၇၆ မိုင် ၇ ဖာလုံ နှင့် ၇၇ မိုင်ကြားအရောက်တွင် အကြမ်းဖက်များက လက်လုပ်ရှော့တိုက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ပေါက်ကွဲမှုကြောင့် ဇင်လှိုင်မင်းမောင်းနှင်သည့် ၂၂ ဘီးကုန်တင်ယာဉ်မှာ ရှေ့လေကာမှန်
ကြေမွ၊ ကားဘီး ၂၀ လုံး နှင့် ဆီတိုင်ကီပေါက်ပြဲပျက်စီးခဲ့ပြီး အခင်းဖြစ်သည့်နေရာအနီး ဆိုင်ကယ်မောင်းနှင်သွားလာနေသည့် မြင်းမူမြို့နယ်၊ ကျန်စစ်သားရပ်ကွက်နေ ငြိမ်းကျော်သူနှင့် မုံရွာမြို့နယ် မြေနဲကျေးရွာနေ ဦးသိန်းထွန်းတို့မှာ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

လက်လုပ်ရှော့တိုက်မိုင်းပေါက်ကွဲမှု
ဖြစ်သည့်နေရာအနီးတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းမှုများပြုလုပ်ခဲ့ရာ လက်လုပ်ရှော့တိုက်မိုင်းခြောက်လုံးထပ်မံတွေ့ရှိခဲ့၍ ရှင်းလင်းခဲ့ကြောင်းသိရသည်။