🔥 Burn Fat Fast. Discover How! 💪

ရွှေဘိုမြို့နယ်မှာ ရွာသား ၈ ဦးကို ဒလန်ဟုဆိုကာ လက်ပြန်ကြိုးတုတ် | ZYH News

ရွှေဘိုမြို့နယ်မှာ ရွာသား ၈ ဦးကို ဒလန်ဟုဆိုကာ လက်ပြန်ကြိုးတုတ်၍ အ သတ် ခံရမှု ဖြစ်စဉ်.

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ ကျားကျေးရွာအနီး ကံသာယာကန်သစ်-ဇီးကုန်းလေးမူးဘောင်၌ ဦးမြင့်ပါ ၈ ဦးအဖွဲ့သည် ဒီဇင်ဘာ ၉ ရက် ညနေ ၅ နာရီကျော်အချိန်ခန့်တွင် ၎င်း၏တဲအရှေ့၌ ဝိုင်းဖွဲ့၍ အရက်သေစာသောက်စားနေကြစဉ် ရွှေဘိုမြို့နယ်အကြမ်းဖက်အုပ်စု PDF အဖွဲ့ဝင် ၃၀ ဦးခန့်မှ ကျားကျေးရွာအတွင်းရောက်ရှိဖြတ်သန်းခဲ့ရာ ၎င်းတို့အုပ်စုအားတွေ့ရှိသွားခဲ့ပြီး သတင်းပေး(ဒလန်)ဟုစွပ်စွဲကာ တဲအရှေ့တွင် လက်ပြန်ကြိုးတုတ်၊ ဒူးထောက်ခိုင်း၍ ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ ၈ ဦးမှာ ရွှေဘိုမြို့နယ်၊ ကျားကျေးရွာမှ ဦးမြင့် ၆၇ နှစ်၊ အောင်ခိုင် ၂၇ နှစ်၊ ကျော်ထက်အောင် ၁၆ နှစ်၊ အောင်မျိုးနိုင် ၂၇ နှစ်၊ ရွှေဘိုမြို့၊ အမှတ် ၈ ရပ်ကွက်၊ အောင်ချမ်းသာရပ်နေ ဇင်မင်းထက် ၁၇ နှစ်၊ မျိုးမြင့် ၂၀ နှစ်၊ ပြင်ဈေး မြောက်ရပ်၊ အမှတ် ၁ ရပ်ကွက်၊ ရွှေဘိုမြို့မှ ဇော်ထက်အောင် ၁၉ နှစ်၊ အမှတ် ၇ ရပ်ကွက်၊ ရွှေဘိုမြို့မှ ပြည့်ဖြိုးသူ ၁၇ နှစ်တို့ဖြစ်ကြောင်း သိရသည်။

.
MHTnews
10.12.2021