🔥 Burn Fat Fast. Discover How! 💪

ကရင်တွေ ပေါက်ကွဲပြီ လေးကေကော်ကို (၃) လပိုင်းရောက်တုန်းက ဘာမှမ | ZYH News

ကရင်တွေ ပေါက်ကွဲပြီ

လေးကေကော်ကို (၃) လပိုင်းရောက်တုန်းက ဘာမှမရှိဘူး။ ခြောက်ကပ်နေတာ။ ကုန်စုံဆိုင်ဆိုတာတောင် တမြို့လုံးပေါင်းမှ (၂) ခုလားရှိတာ။

ခုနေတော့ လူတအားစည်နေပြီ။ ဆိုင်တွေလည်းမနည်းဘူး။ လူတွေလည်း အများကြီး။ ကားတွေလည်း အများကြီး။ ညနေခင်းဆို ပွဲဈေးရောက်နေသလိုပဲ စည်မှစည်။ ဘီယာဆိုင်တွေရယ်၊ အကင်ဆိုင်တွေရယ်။ ကားတွေရယ်၊ ဖုန်တွေရယ်။

တချို့တွေက စည်းလွတ်ဝါးလွတ်နေကြတယ်။
KNU ခွင့်ပြုချက်မရှိဘဲ တို/ရှည်တွေ ဝယ်တယ်၊ ပို့တယ်။ မိတယ်။ လေးကေကော် ကလို့ပြောတယ်။
တစ်ခါမဟုတ် နှစ်ခါမဟုတ် ထွက်သမျှ မိနေတာ။ ဒီရက်ပိုင်းဆို ပို့သမျှ ပစ္စည်းရော၊ လူရော ဆက်တိုက်မိတာ (၂) ပတ်လောက်ရှိပြီ။

တချို့အမတ်တွေဆို အိမ်ငှါးနေတယ်။ ပြီးတော့ အနှိပ်ခန်းကလို ကောင်မလေးတွေကို လပြတ်နဲ့ငှါးတယ်။ ဒါကတော့ သူတို့ ပါစင်နယ်ကိစ္စမပြောလိုပေမယ့် စကစနဲ့အနီးဆုံးနေရာမှာ နေနေကြတယ်ဆိုတာ မေ့နေသလိုပဲ။

တချို့ကျ စစ်သင်တန်းက ရဲဘော်တွေကို အငတ်ထားတယ်၊ အထက်ပိုင်းခေါင်းဆောင်တွေက ဘီယာဆိုင်မှာ အကြွေးသောက်တယ်။ အလှူငွေရရင် အဲ့ပိုက်ဆံနဲ့ရှင်းတယ်။ ဘီယာတဗူးဖောက်သောက်လို့ တငုံလောက်သောက်ပြီး မအေးတော့ရင် အဲ့ဗူးကိုပစ်ပြီး နောက်တဗူးဖောက်သောက်တယ်။ တခါတခါရှင်းရရင် သိန်း (၂၀) ကျော်လို့ပြောတယ်။

တခါ ရှောင်လာတဲ့သူအချင်းချင်း ကတုံးပေါ်ထိပ်ကွက်လုပ်တယ်။ အိမ်ငှါးခတွေတောင်းတယ်။
KNU က နေစရာနေရာပေးထားတယ်။ ခိုလုံခွင့်ပေးထားတယ်ဆိုပေမယ့် စည်းလွတ်ဝါးလွတ်နေတော့လည်း လုပ်ရကိုင်ရခက်တယ်။

ဒါက တချို့ကိစ္စလေးတွေပဲရှိပါသေးတယ်။
မပြောဘဲနေတာပါပဲ။
အကျိုးဆက်တိုင်းမှာ အကြောင်းအရင်းရှိတယ်ဆိုတာ ပြောပြရုံပါပဲ။ KNU ကဘာလုပ်နေလဲမေးကြတဲ့သူတွေကို ကိုယ့်လူတွေကရော ဘာလုပ်နေခဲ့သလဲ ဖြေနိုင်ဖို့ပါပဲ။

ကြားညှပ်တဲ့ ခိုလုံသူတွေအတွက်တော့ စိတ်မကောင်းပါဘူး။

Edit - ပြောရမယ်ဆို လေးကေကော်ဆိုတာ နယ်စပ်က စစ်ရှောင်နေကြတဲ့ ကရင်တိုင်းရင်းသားတွေ ပြန်လာရင် နေဖို့ဆောက်ထားတာပါ။ အဲ့တာကို ကရင်လူထုကို ဦးစားမပေးဘဲ ပြည်မက တိမ်ရှောင်သူတွေအတွက် ဦးစားပေး နေခွင့်ပေးထားခဲ့တာ KNU ပါ။

နော်ထိုက်ထိုက်ထွန်း