🔥 Burn Fat Fast. Discover How! 💪

လွတ်မြောက်နယ်မြေဆိုပြီး လေးကေကော့်ဂွင်ထဲမှာပုန်းခိုနေတဲ့NLDအမတ | ZYH News

လွတ်မြောက်နယ်မြေဆိုပြီး လေးကေကော့်ဂွင်ထဲမှာပုန်းခိုနေတဲ့NLDအမတ်တွေနဲ့NUG အဖွဲ့များကို KNU တပ်မဟာ(၆)က အကာအကွယ်မပေးနိုင်တော့ပါ။

တပ်မတော်စစ်ကြောင်းများက ကြက်ကလေးငှက်ကလေးဖမ်းသလို အလွယ်တကူပဲ ဝင်ဖမ်းသွားတာတွေ့ရသည်။

တောတွင်းက PDF အဖွဲ့တွေ အခြေပြုထားတဲ့ စခန်းတွေလည်း စိတ်မချရတော့ပါ။

အခုကတော့ အလွန်နူးညံ့ပျော့ပြောင်း ညင်သာစွာနဲ့ ကိုင်တွယ်ဖြေရှင်းနေတဲ့ သဘောလို့ ယူဆရမှာပါပဲ။

၂၀၂၁ ဒီဇင်ဘာလကုန်မှာတော့ ကရင်ပြည်နယ်ထဲက PDF တွေ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်ဘက်ကို တိမ်းရှောင်ကြဖို့ ပြင်ဆင်နေတယ်လို့လည်း အခြားသောသတင်းရင်းမြစ်များက ဖော်ပြနေတာတွေ ရှိပါသည်။

ရခိုင်အဖွဲ့ AA ကလည်း PDF စတင် ပေါက်ဖွားစဥ်ကတည်းက လက်မခံခဲ့သလို နောက်ပိုင်းမှာလည်း လက်မခံတဲ့သဘောမျိုး ကြေညာထားတာရှိနေတော့ PDF တို့အတွက် ပုန်းခိုစရာ နေရာ အတော်ကျဥ်းမြောင်းသွားမယ့်အခြေအနေပဲဖြစ်ပါတယ်။

တော်လှန်ရေးတစ်ရပ်ဟာ ပြည်သူက လက်သင့်မခံတော့ရင် အလိုလို ကျရှုံးရတာ ဓမ္မတာပဲဖြစ်ပါတယ်။

လက်နက်မဲ့ပြည်သူတွေကို ခြိမ်းခြောက်ခြင်း၊အကျပ်ကိုင်ခြင်း၊ လုပ်ကြံခြင်း၊ အများပြည်သူနဲ့သက်ဆိုင်တဲ့ လမ်း၊တံတား၊စာသင်ကျောင်း၊ ရုံးဌာန စတာတွေကို
မိုင်းခွဲဖျက်ဆီးခြင်းတို့ရဲ့ နောက်ဆက်တွဲရလာဒ်တစ်ခုလို့ပဲ ဆိုရပါပေမည်။

#MTN