Get Mystery Box with random crypto!

အသိပေးနှိးဆော်ချက် နိုင်ငံတော်၏ အရေးပေါ်ကာလအတွင်း နိုင်ငံတော် | တို့ပြည်တို့မြေ

အသိပေးနှိးဆော်ချက်

နိုင်ငံတော်၏ အရေးပေါ်ကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသော နိုင်ငံရေးအစွန်းရောက်များ၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG နှင့် PDF အဖွဲများသည် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်အတွက် နေ့စဉ်ဖောက်ခွဲဖျက်ဆီးမှုများနှင့် အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိပါသည်။

မကြာမီကာလတွင် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင်ပွဲတော်ကာလများသို ရောက်ရှိတော့မည်ဖြစ်ပြီး ယင်းကာလများကိုအကြောင်းပြု၍ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများ ပစ်ဖောက်ခြင်းများ ပြုလုပ်လေ့ရှိသဖြင့် အကြမ်းဖက်သမားများအနေဖြင့် ယင်းတိုကို အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုများကို ပိုမိုကျူးလွန်လာနိုင်ပါသည်။

သိုဖြစ်၍ မီးရှူးမီးပန်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲ ဥပဒေများအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးနှိးဆော်အပ် ပါသည်။