Get Mystery Box with random crypto!

ကျနော်တို့ ပြည်သူတွေကို ဝန်ထမ်းဆိုးတွေနဲ့ ဌာနဆိုင်ရာတွေ အနိုင် | Thurein

ကျနော်တို့ ပြည်သူတွေကို ဝန်ထမ်းဆိုးတွေနဲ့ ဌာနဆိုင်ရာတွေ အနိုင်ကျင့်တာ များလှပါပြီ ။ ကျနော်တို့သည် လူအပြည့်များသာ ဖြစ်ကြပါတယ် ။ တိုင်းပြည်ဟာ ဝန်ထမ်းဆိုးတွေ နှိပ်စက်လို့ မွဲပြာကျနေတာပါ ။ ကျနော်တို့ ညီညွှတ် ပြီး သတ္တိ ရှိရှိ တွန်းလှန်ကြမှသာ တိုင်းပြည်တခုလုံး ဝန်ထမ်းကျွန်ဘဝ ကနေ လွတ်ကြရမှာပါ ။

အစိုးရကို အားကိုးမရပါဘူး ။ ဝန်ကြီး​တွေကလည်း ဘက်ဂျက်များများရဖို့နဲ့ ပို့ဆွမ်းစားရ ပြီးရောဆိုတဲ့ လူတွေများပါတယ် ။ ဝန်ကြီးတွေက အတွင်းဝန် ၊ ညွှန်ချုပ် ညွှန်မှူးစကားကိုပဲ ဘုရားဟောလို သတ်မှတ် ယုံကြည် မှေးစားနေကြတာပါ ။

ခေါင်မလုံတဲ့ တိုင်းပြည်မှာ ပြည်သူအတွက်တော့

"မိမိကိုးကွယ်ရာ ''

ပါပဲ ။ ကျနော်တို့သည် ကိုယ့်ကိုကိုယ် လူအပြည့်ဟု မှတ်ယူပြီး ကိုယ့်အခွင့်အရေးအား ဖဲ့ယူ နှိပ်စက်နေတဲ့ ဌာနဆိုင်ရာများကို ပြန်တိုက်ကြပါစို့ ။

ကိုရွှေမျိုးဝင်း

(ဒီကာတွန်း ဟုတ်မဟုတ် ပြည်သူတွေ သိထားပြီး ဖြစ်လို့ ကျနော်တို့ ဘာလုပ်မလဲ သိဖို့ ကောင်းနေပါပြီ)