Get Mystery Box with random crypto!

စားဖို့ပဲ ကြည့်မနေနဲ့ ဥာဏ်သုံးကြပါ ===================== | Thurein


စားဖို့ပဲ ကြည့်မနေနဲ့ ဥာဏ်သုံးကြပါ
=====================

ကဲ ဒါလေး အရင် ဖတ်ကြည့်ပါအုံး........

{စက်သုံးဆီစျေးနှုန်းပြဿနာဖြေရှင်းရေး
=======+++++++
"သူငယ်ချင်း မင်းဆီဆိုင် အရင်စျေးနဲ့ဝယ်ထားတာတွေ ဘာလို့နာရီချင်း စျေးတက်ရောင်း နေတာလဲ"

"ငါတို့ လက်ခွဲယူထားတဲ့ ရန်ကုန်စက်သုံးဆီသူဋ္ဌေးကုမ္မဏီ က စျေးတက်ခိုင်းလိုက်ပါ"

ဆီစျေးကခရိုနီတွေလက်ထဲမှာ ခံရတော့ပြည်သူတွေဘဝ။

ဆီစျေးဘာလို့ကြီးသလဲဆိုရင် မြန်မာနိုင်ငံစက်သုံးဆီလုပ်ငန်းရှင်များအသင်း(MPTA) ကလက်ဝါးကြီးအုပ် ချူပ်ကိုင်ထားလို့ဖြစ်ပါတယ်။ဒီအသင်းကို စက်သုံးဆီသူဋ္ဌေးတွေက ဒါရိုက်တာအနေနဲ့ချူပ်ကိုင်ထားပါတယ်။

ဆီစျေးကျအောင် ဗဟိုဘဏ်က ဒေါ်လာတွေ အောက်စျေးနဲ့ထုတ်ရောင်း ပေးတော့လည်း MPTA က စက်သုံးဆီသူဋ္ဌေးခရိုနီတွေဘဲရပါတယ်။ 1ဒေါ်လာ အပြင်စျေးနဲ့၂၀၀လောက်ကွာရင်ကို ဒေါ်လာ၁သန်းကို မြန်မာငွေ သန်း၂၀ဝ လောက်မြတ်ပါတယ်။

ပြင်ပက စက်သုံးဆီတင်သွင်းချင်ရင် စက်သုံးဆီသူဋ္ဌေး (MPTA)အသင်းက ခွင့်ပြုချက်နဲ့မှ တင်သွင်းလို့ရပါတယ်။
တင်သွင်းတော့လည်း ရေနံနိုင်ငံက မတင်သွင်းဘဲ ပွဲစားနိုင်ငံ စက်ာပူက တင်သွင်းတော့စျေးကြီးပါတယ်။

သဘော်ကိုလည်း အကြီးနဲ့တင်သွင်းမှစျေးသက်သာမှာကို အလတ်အသေးသ​ေဘ်ာနဲ့ဆိုတော့ သယ်ယူစရိတ် ပိုကုန်ကျပါတယ်။ ဆိပ်ကမ်းမှာလည်း ဆီသိုလှောင်ကန်တွေက သိုလှောင်ထိန်းသိမ်းခ တခြားနိုင်ငံထက် ပိုကုန်ကျပါတယ်။

၁။ ငွေရှိလို့ စက်သုံးဆီ ဘယ်လောက်သွင်းချင်သွင်းချင် MPTAအသင်းက တန်၅၀၀ထက်ခွင့်မပြုပါဘူး။ ခွင့်ပြုချက်ရအောင်လည်း လာဘ်ထိုးရပါတယ်။

၂။ဆီဆိုင်သက်တမ်းတိုးချင်ရင် (MPTA)အသင်းက ထောက်ခံချက်နဲ့မှ ရပါတယ်။ ထောက်ခံချက်ရဖို့ လာဘ်ထိုးရပါတယ်။

၃။ ဆီဆိုင်ဖွင့်ဖို့ကအစ ဘယ် MPTAဆီသူဋ္ဌေးဆီကနေ ယူရောင်းမှာပါဆီအရည်အသွေးအာမခံ ဆိုတာ ထောက်ခံချက်ပါရပါတယ်။ ထောက်ခံချက်ရဖို့လာဘ်ထိုးရပါတယ်။

၄။ ဆီရောင်းနေတုန်းလည်း ခုစျေးတက်ဆိုတက် နာရီခြင်းတက်ရပါတယ်။ဆီစျေးက ခရိုနီတွေလက်ထဲမှာ ပြည်သူကတော့ခံရတဲ့ဘဝပါ။

၅။ ဆီဆိုင်တွေကို ပြည်တွင်းချက်ဆီ မရောင်းရပါဘူး။ ရောင်းလို့ရအောင် မြို့နယ်အုပ်ချူပ်ရေးမှူးကို လစဥ်လာဘ်ထိုးရပါတယ်။

၆။ ပြည်တွင်း ဟိုနားဒီးနာဆီသယ်ရင်လည်း ပေပါနဲ့ သယ်လို့မရပါဘူး။ သယ်လို့ရအောင် မြို့နယ်ရဲစခန်းမှူးကို လစဥ်လာဘ်ထိုးရပါတယ်။

ဆီဆိုင်ဆောက်တာကအစ
ဆီဆိုင်သက်တမ်းတိုးဖို့အထိ ထောက်ခံချက်ရဖို့ မြန်မာရေနံ(MPPE) ကအစ စည်ပင်အဆုံး
ဋ္ဌာနဆိုင်ရာတွေကို လာဘ်ထိုးရတာ မနည်းပါဘူး။

ဒီလောက် စီမံခန့်ခွဲမှု မှားယွင်းနေတဲ့တိုင်းပြည် လောဘအားကြီးတဲ့တိုင်းပြည် စက်သုံးဆီစျေးတက် ကုန်စျေးနှုန်းတွေတက် ပြည်သူတွေ ဘဝပျက်နေတာ ဘာဆန်းလို့လည်းဗျာ။

NayMyoMyannar}

အဲဒါ လက်ရှိ မြန်မာပြည် လောင်စာဆီစျေးနှုံး အတက်ချည်းဖြစ်နေရတဲ့ ပြဿနာတခုရဲ့ ဇစ်မြစ်တွေပါပဲ ။

အထက်ပါ ပြဿနာတွေထဲမှာ ကမ္ဘာ့ပေါက်စျေး အပြောင်းအလဲကြောင့် ဝယ်ပြီး ပစ္စည်းဖြစ်နေလဲ စျေးတက်ရောင်းရတာ ဘောဂဗေဒ သဘောတရားအရ မှန်ပါတယ် ။ တက်ရောင်းမှ မရှုံးမှာပါ ၊ လူပိန်းနားလည်အောင် ပြောရရင်တော့....

ကုန်သည်တယောက်ရဲ့ အရင်းအနှီးသည် ငွေ ကြေး ပမာဏ အဓိက မဟုတ်ပါဘူး ။ သူ့ရဲ့ ကုန်ပစ္စည်းက အဓိက ကျပါတယ် ။ ဥပမာ သိန်းတထောင် အရင်းရှိသူဟာ ဆီတလီတာ ငါးရာကျပ်မှာ လီတာပေါင်း နှစ်သိန်း ပိုင်ပါတယ် ။

ဆီတလီတာ နှစ်ထောင်ဖြစ်ချိန်မှာ ငါတော့ နဲနဲပဲ အမြတ်ယူမယ်ဆိုပြီး တထောင်နဲ့ ရောင်းစားကြည့်ပါ ။ ရောင်းရငွေ သိန်း နှစ်ထောင် ဖြစ်သွားပြီး သူအတွက် သိန်းတထောင် မြတ်သကဲ့သို့ ဖြစ်နေပါမယ် ။ ဒါပေမယ့် သူရထားတဲ့ သိန်းနှစ်ထောင်အတွက် ဆီပြန်ဝယ်ရင် လီတာ တသိန်းပဲ ပြန်ရမှာ ဖြစ်လို့ ယခင် လီတာ နှစ်သိန်း အရင်းရဲ့ ထက်ဝက်ပဲ ရနိုင်မှာ ဖြစ်လို့ ရှုံးနေတာ တွေ့ရပါမယ် ။

ဒီတော့ ကမ္ဘာ့ပေါက်စျေး ဒီနေ့ တက်ရင် လက်ထဲရှိပြီးဖြစ်တဲ့ ပစ္စည်းရဲ့ စျေးနှုံးလိုက်တက်ကြတာ ဘောဂဗေဒသဘောအရ မှန်ပါတယ် ။ တက်ကို တက်ရမယ့် ကိစ္စ ဖြစ်ပါတယ် ။

သို့သော် ခက်တာက ကမ္ဘာ့ပေါက်စျေး ပြန်ကျသွားရင် သတ္တိရှိရှိ ချမရောင်းပဲ တက်စျေးနဲ့ ယုတ်ယုတ်မာမာ ဆက်လက်ရောင်းချနေတာ အကြီးမားဆုံး ပြဿနာပါပဲ ။

ဒါကို ထိမ်းချုပ်လို့ ရပါတယ် ။ စျေးချရောင်းလို့ ငွေကြေးပမာဏ ဆုံးရှုံးမှု ဖြစ်သော်လည်း ပစ္စည်းပမာဏ မဆုံးရှုံးပါက ရှုံးသည်ဟု မဆိုနိုင်ပါဘူး ။ ဒါကြောင့် အစိုးရ ဖွဲ့စည်းထားတဲ့ ကုန်စျေးနှုံးထိမ်းညှိရေး ကော်မတီရဲ့ လုပ်ပိုင်ခွင့် နဲ့ အာဏာကို အသုံးပြုပြီး ထိမ်းချုပ်ကွပ်ကဲပေးရပါ့မယ် ။

စျေးကွက်စီးပွားရေး စနစ်မို့ အစိုးရက ထိမ်းမရဘူး လွာ်လွယ်ဆင်ခြေမပေးနဲ့ အမေရိကန်လည်း ဒီလို ထိမ်းချုပ်ထားပါတယ် ။ ၂၀၁၉ လောက်တုန်းက ဗရာစီယာကုမ္ပဏီက ကြေညာထားတဲ့ စျေးနှုံးထက် တထည်ကို နှစ်ဒေါ်လာ စျေးတင်ရောင်းတဲ့ စူပါမားကတ်ကြီးကို ဒဏ်ငွေ ဒေါ်လာ နှစ်သန်း ဒဏ်ကြေးပေးစေခဲ့ပြီး စားသုံးသူကို အကာအကွယ်ပေးခဲ့ဖူးပါတယ် ။