Get Mystery Box with random crypto!
Lar Lue #__ ရန်ကုန်မှာ ညနေ ၅ နာရီမှ မနက် ၈ နာရီအထိ မီးမဖျက်တ | Thurein
Lar Lue #__
ရန်ကုန်မှာ ညနေ ၅ နာရီမှ မနက် ၈ နာရီအထိ မီးမဖျက်တော့
^^ 25.5.2022 ရက်မှစ၍
ရန်ကုန်တိုင်းဒေသကြီး မှာ တစ်ချို့နေရာတွေကို 17:00-08:00hr အကြား No Load Shed အဖြစ်သတ်မှတ်လိုက်ပေပြီ။
09:00-17:00 hr ကြား အလှည့်ကျစနစ်တော့ ရှိနှင့်ကြအုံးမည်။
တစ်ခြား တိုင်းနှင့် ပြည်နယ် ဧရိယာများကိုလည်း တဖြေးဖြေးချင်း ဖြေလျှော့သွားနိုင်ကြဖို့ ကြိုးစားနေကြပေသည်။
^^ သို့သော် ...
၁။ မိုးဦးလေဦး အရူးအမူးကာလ ပေမို့ Line Fault တွေကြောင့် ဓာတ်အားပြတ်တောက်မှုများ ရှိနိုင်ကြခြင်း။
၂။ Generation Plant အကြီးစားများမှာ မြန်မာနိုင်ငံ၏ အထက်ဖက်(မြောက်) ၌ တည်ရှိသည်ဖြစ်၍ ၎င်းတို့အား ဦးစားပေးမောင်းနှင်ပါက Line Flow ( 230KV တောင်တွင်းကြီး-သပြေဝ ၊ 230kV သပြေဝ-သာစည်-ရွှေမြို့-ပျဉ်းမနား) များကို Flow ထိန်းရ၍ အောက်ပိုင်းမြို့များ၌ အချိန်ပိုင်း ဓာတ်အားပြတ်တောက်နိုင်ခြင်း။
၃။ 230kV လောပိတ-ရွှေမြို့၊ လောပိတ-တောင်ငူ လိုင်းများ မရှိသည်ဖြစ်၍ စက်မဝင်နိုင်ဘဲ နံပတ် ၂ အချက်ပါ လိုင်းများအား ထောက်ပံ့မှု မပေးနိုင်သောကြောင့် အောက်ပိုင်းဖက်ရှိ Load များကို လျှော့ချရ၍ ဓာတ်အားပြတ်တောက်နိုင်ခြင်း။
စသည် ဖြင့် ဓာတ်အားပြတ်တောက်မှုတော့ ရှိကောင်း ရှိကြပါလိမ့်မည်။
Credit Source Dr.ရဲထွဋ်ခိုင် (25.5.2022, 11:20AM)
Lar Lue #__
^^ 25.5.2022 ရက်မှစ၍
^^ သို့သော် ...