Get Mystery Box with random crypto!

လွတ်လပ်စွာ ပြောဆိုဆန္ဒထုတ်ဖေါ် ပြီး၊ အစိုးရကို ကန့်ကွက်နေလို့ေ | Thurein

လွတ်လပ်စွာ ပြောဆိုဆန္ဒထုတ်ဖေါ် ပြီး၊
အစိုးရကို ကန့်ကွက်နေလို့ သေဒဏ်ချ တာ မဟုတ်ဖူး ။
စွဲချက် (၃) ခုထဲက တစ်ခုကိုပဲသေချာ ဖတ်ကြည့်ပါ။
လူတွေကိုသေအောင် ဆောင်ရွက်ခဲ့တယ်ဆိုတာ
သက်သေတွေ နဲ့ ဝန်ခံချက်တွေ အပြည့်ရှိတယ်။
TV သတင်းမှာလည်းကြေညာခဲ့ဖူးတယ်။
.
မမှန်ကန်တဲ့ မီဒီယာသတင်းတိုင်း...(Yellow Journalism attack တိုင်း) ကို
အစိုးရအနေနဲ့ တုံ့ပြန်မှာ မဟုတ်ဖူး။
သို့သော် BBC နဲ့ VOA က တစ်ခုသော Journalism အဆင့်အတန်း ကိုထိမ်းတယ်ဆိုတာ...
Irrawaddy/ဧရာဝတီ သတင်းလို Yellow Journalism with personal attacks
မလုပ်ဖူးဆိုတာ ကို...
ကျွန်မ ကိုယ်တွေ့ ကြုံဖူးပါတယ်။
.
ဟာသ ပုံပြင်လေး အနေနဲ့
ကုလသမဂ္ဂ က အကြီးအကဲ တွေကကော....
တကယ် အူထဲအသည်းထဲက ယုံကြည်နေတဲ့ သေဒဏ် ပေါ်လစီ လား... ဆိုတော့။
.
မစ္စတာ ဂူတာရက်စ် မတိုင်ခင်က UN-SG လုပ်ခဲ့တဲ့
မစ္စတာ ဘန်ကီမွန်း ကိုပဲကြည့် ပါ။
သေဒဏ်နဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်ခါ စ က တမျိုး...
နောက်ကျတော့တမျိုး။
၂၀၀၆ အကုန်မှာ အမေရိကန်က စစ်ဝင်တိုက်ပြီး တင်မြှောက်လိုက်တဲ့ အီရတ် အစိုးရသစ်က
အီရတ် သမ္မတဟောင်း ဆဒမ်ဟူစိန်းကို
ကြိုးဆွဲချကွပ်မျက်လိုက်တယ်။
ဘန်ကီမွန်း ကြီးက အလုပ်ဝင်စ နေ့ (၂၀၀၇/၁/၂) မှာပဲ
ဆဒမ်ဟူစိန်း ကြိုးဆွဲချခံရတာနဲ့ ပတ်သက်လို့
“သေဒဏ်ဟာတိုင်းပြည်တစ်ပြည်ချင်းစီ ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်တယ်။”
လို့ ပြောခဲ့ တယ်။
(အမှန်ကို ပြောနေတာပဲ။ ဒါပေမဲ့ ကုလ မူနဲ့ မကိုက်ဖူး။)
အဲဒီအချိန်က ကျွန်မက တရုတ်ပြည်မှာ ကုလဝန်ထမ်း... ။
“အင်း.... ဒီလူကြီးတော့ မှားသွားပြီ။ စာမဖတ်ဖူး” လို့ ကျွန်မ ချက်ချင်းသိလိုက်တယ်။
အစစ်ပဲ။
နောက်ဆက်တွဲကတော့
ဘန်ကီမွန်း ပြောတာတွေကို သူ့ဝန်ထမ်းတွေက ပြန်ပြီး ဖါပြောနေရတာအမော။
နိုင်ငံတကာသတင်း တွေမှာပါသွားတယ်။
အညွှန်းများ ကိုကြည့်။
ဟာသဘဲ။
နောက်ကျတော့ ဘန်ကီမွန်းရဲ့ ထွက်ဆိုချက်တွေက
သူသေဒဏ်ကိုဆန့်ကျင်တယ် လို့ ကုလမူနဲ့ အညီ ဖြစ်လာတယ်။
ဘယ်သူကယုံတော့မှာလည်း။
ဘင်္ဂလာဒေရှ့် စာရေးဆရာတစ်ဦးကလည်း
သူ့တိုင်းပြည် ကို ပြောတာ မခံနိုင်လွန်းလို့ ဆောင်းပါးရေးထားတယ်။
အောက်မှာလင့်ခ်ပေးထားတယ်။
.
#နောက်ဆုံးပြောချင်တာကတော့
၁၉၉၅ ခုနှစ်ကစပြီး အာဖရိက တိုက်မှာ လုပ်ကတည်းက
ကျွန်မဟာ လူ့အခွင့်အရေးကဏ္ဍ ကို လက်တွေ့ စာတွေ့
အတွေ့အကြုံတွေ အများကြီးရှိတယ်။
လက်တွေ့ အတွေ့အကြုံမရှိတဲ့ အချို့ လူတွေလို လူ့အခွင့်အရေး ကြွေးကြော်နေတာ မဟုတ်ဖူး။
လူ့အခွင့်အရေးကဏ္ဍ ကို ကုလဝန်ထမ်းများ အတွက်
သင်ကြားပို့ချ ခဲ့ဖူးပြီး ကောင်းစွာ လေ့လာဖူးတဲ့သူဖြစ်တယ်။
ရောက်လေရာ နေရာတွေမှာလည်း
လူ့အခွင့်အရေး ကို Program တွေမှာရော
ဝန်ထမ်းတွေ လုပ်ဖေါ်ကိုင်ဖက်တွေ နဲ့ ဆက်ဆံတဲ့အခါမှာရော
ကိုယ်တိုင် ကျင့်သုံးခဲ့တယ်။
#လူ့အခွင့်အရေးကဏ္ဍဟာအရေးကြီးပါတယ်။
တချိန်ထဲမှာ ကုလသမဂ္ဂ ကို က
#တရားဥပဒေ စိုးမိုးရေး နဲ့ #အကြမ်းဖက်မှုတိုက်ဖျက်ရေး ကလည်း အရေးကြီးကြောင်း လက်ခံတယ်။
တိုင်းပြည်အတွင်း ဖြစ်တဲ့ အကြမ်းဖက်မှု Terrorism ပြစ်မှုတွေကို
#ပြည်တွင်းဥပဒေများဖြင့်သာကိုင်တွယ်ရကြောင်း
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)ကိုယ်တိုင်က
သူတို့ရဲ့ Criminal Justice Responses to Terrorism သင်တန်းများမှာ
လက်ခံထားရတယ်။
ကြိုက်သည်ရှိ၊ မကြိုက်သည်ရှိ၊
#ပြည်တွင်းဥပဒေ အတိုင်းပဲ။
.
#ဒေါက်တာရင်ရင်နွယ်

(****YES, I AGREE Mr Secretary-General! People must have the right to freely express their opinion and exercise their fundamental freedoms and rights. This includes the right to decide whether medical doctors should remain in public service without fear of being killed by NUG -PDF just because they didn't join the Civil Disobedience Movement and whether a public service schoolteacher can remain teaching children without being killed by NUG-PDF for not joining CDM.)

အညွှန်းများ။
https://www.voanews.com/a/myanmar-junta-to-carry-out-first-judicial-executions-in-decades-/6601970.html

.
https://www.un.org/press/en/2022/db220603.doc.htm

https://www.bbc.com/burmese/live/burma-61580209

.
https://news.un.org/en/story/2007/01/204822-ban-ki-moon-takes-over-un-secretary-general-calls-common-action-face-crises
.
https://www.nbcnews.com/id/wbna16441906
.
https://opinion.bdnews24.com/2015/11/29/of-ban-ki-moon-and-capital-punishment/

https://news.un.org/en/story/2015/11/514702-i-will-never-stop-calling-end-death-penalty-ban-vows-launch-new-un-publication
.

https://www.unodc.org/e4j/zh/terrorism/module-4/key-issues/criminal-justice-responses.html
Crd. May Waddy