Get Mystery Box with random crypto!

ကာချုပ်ကြီး facebook မသုံးဘူးထင်တယ်။ မြေပြင်အခြေနေသူမသိဘူး။သူ | Thurein


ကာချုပ်ကြီး facebook မသုံးဘူးထင်တယ်။

မြေပြင်အခြေနေသူမသိဘူး။သူ့တပည့်တွေက အမှန်တိုင်းလည်း မပြောပြကြဘူး။

အပြစ်မဲ့အများပြည်သူ အသတ်ခံရတာများပြီ။လက်နက်ကိုင်သူပုန်ကို အပစ်မဲ့ပြည်သူကပြန်ကြောက်နေရပြီ။

တရားဥပဒေစိုးမိုးရေးဆိုတာကလည်း သိပ်မမြင်တော့ဘူး။(သတ်ချင်တဲ့သူကို အချိန်မရွေးဝင်သတ်နေတာမြင်နေ ကြားနေရလို့ပါ)

အိမ်တစ်အိမ်မှာ ကြွက်တွေသောင်းကျန်းခွင့်ရနေတယ်ဆိုတာ အိမ်ပိုင်ရှင်ကိုယ်တိုင်က ကြွက်နှိမ်နင်းရေးကို အားစိုက်ပြီးမလုပ်လို့ပါ။

ခြင်ထောင်ထဲမှာ ခြင်တွေရောက်ပြီး ပျံသွားလိုက် အလစ်ကို ဝင်ကိုက်လိုက် ပြုလုပ်နိုင်တာဟာ ခြင်ထောင်ထဲကလူ ခြင်ကို နှိမ်နင်းချင်တဲ့စိတ် အပြည့်အဝ မရှိလို့ပါ။

ပြည်သူတွေမှာ အမျိုးသားရေးသမားတွေမှာ လက်နက်ကိုင်ဆောင်ခွင့်မရှိပါဘူး။

ကျွန်တော်ကိုယ်တိုင်လည်း သေနတ်သမားကို လက်သီးနဲ့ ယှဥ်ပြိုင် မသတ်ပုတ်နိုင်ပါဘူး။

အဲ့တော့ လာသတ်ရင် လည်စင်းပြီး အသေခံရရုံပဲရှိတော့တယ်။

တာဝန်ရှိလူကြီးမင်းများအနေနဲ့ မိမိကိုယ်တိုင် မိမိမိသားစု မိမိဆွေမျိုး မပါဝင်ပေမယ့် အသတ်ခံရသူတွေကို ကိုယ်ချင်းစာတတ်အောင် မိမိကိုယ်ကို ဆေးလိပ်မီးနဲ့ထိုးကြည့်စမ်းပါ။


ကာခ်ဳပ္ႀကီး facebook မသုံးဘူးထင္တယ္။

ေျမျပင္အေျခေနသူမသိဘူး။သူ့တပည့္ေတြက အမွန္တိုင္းလည္း မေျပာျပၾကဘူး။

အျပစ္မဲ့အမ်ားျပည္သူ အသတ္ခံရတာမ်ားၿပီ။လက္နက္ကိုင္သူပုန္ကို အပစ္မဲ့ျပည္သူကျပန္ေၾကာက္ေနရၿပီ။

တရားဥပေဒစိုးမိုးေရးဆိုတာကလည္း သိပ္မျမင္ေတာ့ဘူး။(သတ္ခ်င္တဲ့သူကို အခ်ိန္မေရြးဝင္သတ္ေနတာျမင္ေန ၾကားေနရလို႔ပါ)

အိမ္တစ္အိမ္မွာ ႂကြက္ေတြေသာင္းက်န္းခြင့္ရေနတယ္ဆိုတာ အိမ္ပိုင္ရွင္ကိုယ္တိုင္က ႂကြက္ႏွိမ္နင္းေရးကို အားစိုက္ၿပီးမလုပ္လို႔ပါ။

ျခင္ေထာင္ထဲမွာ ျခင္ေတြေရာက္ၿပီး ပ်ံသြားလိုက္ အလစ္ကို ဝင္ကိုက္လိုက္ ျပဳလုပ္ႏိုင္တာဟာ ျခင္ေထာင္ထဲကလူ ျခင္ကို ႏွိမ္နင္းခ်င္တဲ့စိတ္ အျပည့္အဝ မရွိလို႔ပါ။

ျပည္သူေတြမွာ အမ်ိဳးသားေရးသမားေတြမွာ လက္နက္ကိုင္ေဆာင္ခြင့္မရွိပါဘူး။

ကြၽန္ေတာ္ကိုယ္တိုင္လည္း ေသနတ္သမားကို လက္သီးနဲ႔ ယွဥ္ၿပိဳင္ မသတ္ပုတ္ႏိုင္ပါဘူး။

အဲ့ေတာ့ လာသတ္ရင္ လည္စင္းၿပီး အေသခံရ႐ုံပဲရွိေတာ့တယ္။

တာဝန္ရွိလူႀကီးမင္းမ်ားအေနနဲ႔ မိမိကိုယ္တိုင္ မိမိမိသားစု မိမိေဆြမ်ိဳး မပါဝင္ေပမယ့္ အသတ္ခံရသူေတြကို ကိုယ္ခ်င္းစာတတ္ေအာင္ မိမိကိုယ္ကို ေဆးလိပ္မီးနဲ႔ထိုးၾကည့္စမ္းပါ။