Get Mystery Box with random crypto!

. #ပွဲကတော့ပွဲပဲ ဆီးရီးယားမှာရှိတဲ့ စခန်းတချို့ကို ရ | Thurein


.
#ပွဲကတော့ပွဲပဲ

ဆီးရီးယားမှာရှိတဲ့ စခန်းတချို့ကို
ရုရှားက လေ​ကြောင်းကနေ
ဗုံးဝင်ကြဲသွားတယ်၊
ဆီရီးယားစစ်ကကြာလှပြီ၊
မြို့တော် ကျလုကျဆဲမှာ ISIS တွေကို
ရုရှားက ခရုစ်တွေနဲ့တိုက်ရင်း
အထိနာသွားစေလို့ အာဆတ်ထွက်မပြေးရတာ၊

ဆီရီးယားနယ်မြေထဲမှာ
ISIS စခန်းအချို့နဲ့ အမေရိကန်စခန်းအချို့
နီးကပ်စွာရှိတတ်တယ်၊
အမေရိကန်က အကြမ်းဖက် ISIS တွေကို
တိုက်ခိုက်တယ်ဆိုပြီး၊ လက်နက်နဲ့ ရိက္ခာတွေ
လေကြောင်းကချပေးတဲ့အထောက်အထားတွေကို
ရုရှားကထုတ်ဖေါ်လိုက်လို့ အရှက်ရခဲ့ဘူးတယ်၊

အခုလဲ
အာဆတ်က အကူအညီတောင်းတာနဲ့
အကြမ်းဖက် စခန်းအချို့ကို
ရုရှားက လေကြောင်းကနေတိုက်ခိုက်ပေးလိုက်တာ၊
အဲ့သလိုတိုက်ခိုက်ရာမှာ
အမေရိကန်စခန်းတချို့ပါသွားတယ်၊
မတိုက်ခင် ရုရှားက အမေရိကန်ကို
ကြိုပြီးသတိပေးထားလိုက်လို့
စခန်းပျက်စီးသွားပေမဲ့ အမေရိကန်စစ်သည်တွေ
ထိခိုက်မှုမရှိခဲ့ပါဘူး၊

............

သာမန်ကြည့်ရင်တော့
စစ်သဘောတရားအရ မထူးဆန်းပါ
ဒါပေမဲ့ ပစ်မှတ်ထဲမှာ ဘာကြောင့်များ
အမေရိကန်စခန်းက ပါနေတာပါလဲ ?

ISIS နဲ့ဆက်စပ်မှုရှိလို့ဆိုတာကို
တွက်လို့ရကြပါလိမ့်မယ်၊
တကယ်ဆိုရင်...
ထောက်လှမ်းရေးသတင်းအရ
အစိုးရခြင်းပြောပြီး ဖေါ်ထုတ်ပေးလိုက်ရင်
ပြီးနိုင်ပါတယ်၊

စခန်းကိုတော့တိုက်မယ်
အမေရိကန်စစ်သည်တွေ မထိခိုက်အောင်
လက်မတင် ကြိုတင်သတိပေးလိုက်တယ်၊

ဆိုလိုချင်တာက -
- စမ်းသပ်မှုတခုလား
- စိန်ခေါ်မှုတခုလား ? ဆိုတာပါပဲ
လောလောဆယ်မှာတော့
အမေရိကန်ဖက်က ဘာမှတုန့်ပြန်တာ
မတွေ့ရသေးပါဘူး၊

" ပူတင်ဟာ.. လာနောက်လို့မရဘူး"
.... ဆိုတဲ့ လူစားမျိုးထဲမှာပါတယ်ဆိုတာကို
ပြသလိုက်တာပါပဲ။

#NayZinLatt ( 21.6.22 )

Ba Maung

​ကျေးဇူးတင်ပါတယ်ခင်ဗျာ


.
#ပြဲကေတာ့ပြဲပဲ

ရုရှားက လေ​ကြောင်းကနေ
ဗုံးဝင်ကြဲသွားတယ်၊

ဆီရီးယားနယ်မြေထဲမှာ
နီးကပ်စွာရှိတတ်တယ်၊

အခုလဲ

............

သာမန်ကြည့်ရင်တော့

တကယ်ဆိုရင်...
ပြီးနိုင်ပါတယ်၊


ဆိုလိုချင်တာက -
- စမ်းသပ်မှုတခုလား
လောလောဆယ်မှာတော့
မတွေ့ရသေးပါဘူး၊

ပြသလိုက်တာပါပဲ။

#NayZinLatt ( 21.6.22 )

Ba Maung
