Get Mystery Box with random crypto!

စစ်ကိုင်း လောင်စာဆီ နဲ့ လျှပ်စစ် =================== | Thurein


စစ်ကိုင်း လောင်စာဆီ နဲ့ လျှပ်စစ်
===================

စစ်ကိုင်းတိုင်း အခြေအနေက မြေပြင်သတင်းတွေကို အတိအကျ တင်ပြပေးနိုင်ဖို့ အကန့်အသတ်တွေ ရှိနေတဲ့ အတွက် သတင်းတွေ ပြတ်တောက်သလိုဖြစ်နေရပါတယ် ။

အင်တာနက်လိုင်းတွေပိတ်ထားသလို အချို့နေရာတွေမှာ ဖုန်းလိုင်းတွေပါ ပိတ်ထားလို့ ပိုဆိုးနေတာဖြစ်ပါတယ် ။ အဓိက အားပြိုင်နေတာက ပြည်သူ့စစ် နဲ့ အကြမ်းဖက်တွေ ဖြစ်နေပါတယ် ။

တပ်မတော်စစ်ကြောင်းတွေနဲ့ အတူပါဝင်တိုက်ခိုက်ပြီးနောက် နယ်မြေထိမ်းသိမ်းရေးကို ပြည်သူ့စစ်တွေက တာဝန်ဆက်ယူတဲ့ စနစ်နဲ့ သွားနေကြပါတယ် ။

ဒီနေရာမှာ ပြည်သူ့စစ်မဖွဲ့စည်းထားသေးတဲ့ ရွာတွေကတော့ ဘယ်သူလာလာ ခံနေကြရတဲ့ အနေအထားပါပဲ ။ ယခုဆိုရင် ပြည်သူ့စစ် အင်အား ၅၀၀၀ ကျော်နေပြီး နေ့စဥ် ဖွဲ့စည်းနေတဲ့ ရွာတွေလည်း များစွာတိုးပွားနေပါတယ် ။

တက်မတော်က လက်နက်ခဲယမ်း ပံ့ပိုးတဲ့နေရာမှာ ပြည့်မှီအောင် မပံ့ပိုးနိုင်ခြင်း ၊ ထိရောက်ပြင်းထန်တဲ့ ခေတ်မှီလက်နက်များ တပ်ဆင်ပေးရန် လိုအပ်နေခြင်း ဆိုတဲ့ အားနည်းချက်တွေလည်း ရှိနေကြောင်း ပြည်သူ့စစ်ခေါင်းဆောင် ၅၅၀ ဆရာတော်က မိန်းကြားပါတယ် ။

တနေ့တခြား ဆုတ်ယုတ်လာတဲ့ PDF တွေကတော့ ဝါဒဖြန့်ရန် တွေ့ရာလူသတ်ပြနေရပြီး ဒါးပြတိုက်လုယက်ခြင်း အထိ ကျူးလွန်နေကြရပါတယ် ။ အထူးသဖြင့် ပြည်သူ့စစ်မဖွဲ့စည်းရသေးသော ကျေးရွာများဟာ PDF ဒဏ် အများဆုံး ခံနေကြရပါတယ် ။

မြေပြင်စစ်သတင်းများ ဖုံးဖိထားသော်လည်း PDF များ မိုးရာသီမှာ နေရေး စားရေး ခက်ခဲလာပြီး စိတ်ဓာတ်ကျ ပြိုကွဲနေပြီလို့ ဒေသခံသတင်းများက ဆိုကြပါတယ် ။

ယခုအခါ ပြည်သူ့စစ်ဖွဲ့စည်းပြီးသော ကျေးရွာများ ဝန်းကျင်ရှိ PDF များနဲ့ အကြမ်းဖက်အားပေးများဟာ ထွက်ပြေးနေကြရပြီး ဘဝပျက်နေကြတာ မြေပြင်လက်ရှိအနေအထားပါပဲ ။

ဒါက စစ်ကိုင်းမြေပြင်သတင်း အစအနများပဲ ဖြစ်ပါတယ် ။ နောက်ထပ် လောင်စာဆီ သတင်းကတော့ လျှပ်စစ် နဲ့ စွမ်းအင်ဝန်ကြီး ဦးသောင်းဟန်နှင့် ကိုယ်စားလှယ်အဖွဲသည် Sigma LLC Co., Ltd. မှ Deputy Director General for Foreign Economic Relations ဖြစ်သူ Mr. Rodionov Nikita အားလက်ခံတွေ့ဆုံ၍ ရေနံထွက်ပစ္စည်းများထုတ်လုပ်ရေး၊ တင်သွင်းရောင်းချရေးနှင့် ရေနံချက်စက်ရုံ တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံဟာ တနေ့ကို ရေနံစည်​ပေါင်း ခြောက်သောင်း ( 60000) သုံးစွဲပါတယ် ။ ပြည်တွင်းရေနံချက်စက်ရုံက တနေ့ နှစ်သောင်း (20000) ချက်နိုင်ပါတယ် ။ ဒါကြောင့် နေ့စဥ် လိုအပ်ချက် 40000 ရှိပါတယ် ။

အစိုးရဆီမှာ အရံလောင်စာဆီ စည်ပေါင်း သန်း ၃၀၀၀ သိုလှောင်ထားကြောင်း ပြောထားပေမယ့် ထုံးစံအတိုင်း အဆိုးမြင် အနောက်မီဒီယာတွေကတော့ စည်ပေါင်း သန်း ၅၀ ခန့်သာ သိုလှောင်ထားကြောင်း အဝေးကနေ ရမ်းသမ်းပြောနေကြပါတယ် ။

ရုရှားနဲ့ဆွေးနွေးရာမှာ ရေနံသိုက်ရှာဖွေတူးဖော်ရေး ၊ ​ခေတ်မှီ ရေနံချက်စက်ရုံတည်ဆောက်ရေး အပါအဝင် လောင်စာဆီ ရရှိရေးအတွက် ဆိပ်ခံကြီးများ ပိုက်လိုင်းများ တည်ဆောက် တပ်ဆင်ဖြည့်တင်းနိုင်ရေး အစရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားဖြေရှင်းဖို့ ညှိနှိုင်းသဘောတူခဲ့ကြပါတယ် ။

2023 မှာ ပြီးပြည့်စုံတဲ့ လောင်စာဆီပြဿနာဖြေရှင်းမှု အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြပါပြီ ။

နောက်ထပ် စိတ်ဝင်စားစရာက လျှပ်စစ်ကဏ္ဍအတွက် အနုမြူဓာတ်ပေါင်းဖို မြင်တွေ့ရဖွယ် ရှိနေပါတယ် ။ ဘရွှေကြီးလက်ထက်က လက်စလက်န ရှိထားတဲ့ ဒီစီမံကိန်းကို ပြန်လည်အစပျိုးမယ့် နိဒါန်းမို့ ဝမ်းသာစရာပါပဲ ။

ခေတ်အမှီ နျူဓာတ်ပေါင်းဖိုဆိုတာကလည်း ယခုခေတ်မှာ အကြီးစားမော်တော်ယာဥ်ပေါ် တည်ဆောက်နိုင်တဲ့အထိ နည်းပညာအဆင့်မြင့်လာလို့ ရုရှားကူညီရင် နေခြင်းညခြင်း ဖြစ်လာနိုင်ပါတယ် ။

နျူဓာတ်ပေါင်းဖိုကို လျှပ်စစ်အတွက် အသုံးပြုရုံမက အနူမြူလက်နက်ပါ ထုတ်လုပ်နိုင်လို့ ပေါ်ပေါ်တင်တင် တည်ဆောက်ခဲ့ရင် စည်းကမ်းအရ ကိတ်ဝါ ( နျူဗုံး ကုန်ကြမ်း) ကို စနစ်တကျ ပြန်အပ်ရပေမယ့် ၊ လူသူမသိတဲ့ ကားပေါ်က ဓာတ်ပေါင်းဖို ဆိုရင်တော့ ပိုပြီး စိတ်ဝင်စားစရာ ကောင်းမှာပါပဲ ။

ဒီသတင်း ၃ ခုကို ကောက်ချက်ချရမယ်ဆိုရင်....

၁ ။ ပြည်သူ့စစ်မဖွဲ့စည်းသော ကျေးရွာများ နှစ်ဖက်ကြောက်နေရပါမည် ။

၂ ။ တနေ့တခြားအားကောင်းလာနေသော ဒေသခံ ပြည်သူ့စစ်များကြောင့် PDF များနဲ့ ထောက်ခံသူများ ဝဋ်လည် ထွက်ပြေးနေရပါပြီ ။ မကြာမှီ ဇတ်သိမ်းပါတော့မယ် ။

၃ ။ လောင်စာဆီပြဿနာအား နစက မှ အထူးဦးစားပေး ဖြေရှင်းနေတဲ့အတွက် မကြာမှီ အကောင်းဖက်ဆီသို့ ရွှေ့လာတော့မှာ သေချာပါတယ် ။

၄ ။ လျှပ်စစ်ကဏ္ဍအတွက် ရုရှားမှာရှိတဲ့ နျူဓာတ်ပေါင်းဖိုများကို ဝန်ကြီးနဲ့အဖွဲ့ သွားပြီးလေ့လာကြတယ်ဆိုတာ အပျင်းပြေသွားကြတာ လုံးဝမဟုတ်ပါဘူး ။ သေချာပေါက် မြန်မာပြည်မှာ နျူဓာတ်ပေါင်းဖို ရောက်လာပါလိမ့်မယ် ။ သေးသေးလား ကြီးကြီးလား သေးသေး ကြီးကြီး ရောပြီး ဖုံးတဝက် ဖော်တဝက်ဆိုရင်တော့ ဘရွှေအိပ်မက်တို့ အထမြှောက်ပေပြီ ။

ကိုရွှေမျိုးဝင်း