🔥 Burn Fat Fast. Discover How! 💪

ကြံခင်းမြို့နယ်တွင် 'တိုင်းပြည်အပေါ် စစ်အာဏာရှင်ကျေးဇူး မူးလို | Mizzima

ကြံခင်းမြို့နယ်တွင် "တိုင်းပြည်အပေါ် စစ်အာဏာရှင်ကျေးဇူး မူးလို့တောင်ရှုစရာမရှိဘူး"စာတန်းကိုင်စွဲ ဆန္ဒပြ

မင်းထက်
(မဇ္စျိမ) ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီဝင်များမှ "တိုင်း ပြည်အပေါ် စစ်အာဏာရှင်ကျေးဇူး မူးလို့တောင်ရှုစရာမရှိဘူး"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ် တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၆၆) ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ
#စစ်အာဏာရှင်
#Mizzimatv