🔥 Burn Fat Fast. Discover How! 💪

​​ဟုမ္မလင်းမှ ရဲကင်းစခန်း ၄ ခုကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်မျာ | Mizzima

​​ဟုမ္မလင်းမှ ရဲကင်းစခန်း ၄ ခုကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်များ တပြိုင်နက် တိုက်ခိုက်သိမ်းပိုက်

မောင်ခက်နွေ
(မဇ္ဈိမ) ။ ။စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ ရဲကင်းစခန်း ၄ ခုကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဧပြီ ၂၉ ရက်နေ့ နံနက်တွင်တပြိုင်နက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ဟုမ္မလင်းမြို့နယ်ရှိ ဝဲဟက်ရဲစခန်းကုန်း၊ အောင်သာယာ၊ အောင်စည်သာနှင့် ထိန်းကူးရွာရဲကင်းများကို ယနေ့ နံနက် ၅ နာရီခန့်မှ ၈နာရီခန့်အတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
“ စခန်း ၄ခုစလုံး သိမ်းနိုင်တယ်။ ကျွန်တော်တို့ဘက်က ထိခိုက်တာ မရှိဘူး။ ဘယ်သူမှ အထိအခိုက်မရှိဘူး” ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်ကောင်စီဘက်မှထိခိုက်မှုကို မဇ္ဈိမအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။ဒေသခံများ၏ ပြောကြားချက်အရ စစ်‌ကောင်စီဘက်မှ အကျဆုံးများသည့်အတွက် ဂျက်ဖိုက်တာတစ်စင်းဖြင့် နံနက် ၈ နာရီ ၂၇ မိနစ်ခန့်တွင် ဗုံးကြဲ တိုက်ခိုက်သွား‌ကြောင်းသိရသည်။ ထိုဂျက်ဖိုက်တာသည် တံတားဦးလေဆိပ်မှ တက်လာပြီး ဟုမ္မလင်းမြို့ တိုက်ပွဲဧရိယာအတွင်း ဗုံးကြဲတိုက်ခိုက်သွားခြင်းဟု သတင်းရရှိသည်။ သို့သော် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။
စာတည်း- မောင်ကြီး
#mizzima
#ဟုမ္မလင်းမြို့
#ရဲကင်းစခန်း ၄ ခု
#ဒေသကာကွယ်ရေးတပ်ဖွဲ့များ
#တပြိုင်နက်တိုက်ခိုက်
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U