Get Mystery Box with random crypto!

မေလ (၁၃) ရက်၊ စနေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ် ========== | Mizzima

မေလ (၁၃) ရက်၊ စနေနေ့မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်
====================

ဒီကနေ့ မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
Federal Wings ဒရုန်းတပ်ဖွဲ့အတွက် လိုအပ်တဲ့ငွေကြေးတွေကို အမျိုးသားညီညွတ်ရေး အစိုးရက အားဖြည့်ကူညီပေးမယ်ဆိုတဲ့ သတင်းနဲ့အတူ မြန်မာ့အရေးတိုးတက်မှုမရှိတာကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းတဲ့နေရာမှာ ကြားဝင် မစွက်ဖက်ရေးမူကို ကိုင်စွဲထားလို့ မရတော့ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောလိုက်ဆိုလိုက်တဲ့သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းသတင်းတွေနဲ့ နောက်ဆုံးရ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရမှာပါ။

အဲ့ဒီနောက်မှာတော့ မုန်တိုင်းဘေးအန္တရာယ်၊ အရေးပေါ်ကယ်ဆယ်ရေးနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကပြင်ဆင် နေမှုတွေနဲ့ အာဆီယံရဲ့လူသားချင်းစာနာထောက်ထားရေးဌာနနဲ့ပူးပေါင်းဆောင်ရွက်နိုင်ခြေအလားအလာတွေကို မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက တွေ့ဆုံမေးမြန်းထားတဲ့ အစီအစဉ်ကိုလည်း နားဆင်ရမှာပါ။





#Mizzimaradio
#Morningradio
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U