🔥 Burn Fat Fast. Discover How! 💪

တော်လှန်ရေးအင်အားစုတို့ရဲ့ နိုင်ငံရေးဆုံချက် စစ်ကိုင်းဖိုရမ် = | Mizzima

တော်လှန်ရေးအင်အားစုတို့ရဲ့ နိုင်ငံရေးဆုံချက် စစ်ကိုင်းဖိုရမ်
===============

မေ ၃၀ နဲ့ ၃၁ ရက်နေ့များကကျင်းပခဲ့သော စစ်ကိုင်းဖိုရမ်ကို စစ်ကိုင်းတွင်းအတွင်းရှိ မြို့နယ် ၃၇မြို့နယ်အနက် ၂၈မြို့နယ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးအဖွဲ့ပေါင်း ၁၇၃ဖွဲ့နဲ့ လေ့လာသူ ၃၁ ဦး ပါဝင်တက်ရောက်ခဲ့ပါတယ်။

တော်လှန်ရေးအရွေ့ပိုရှိလာဖို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ကိစ္စရပ်တွေကို ထိရောက်စွာဖြေရှင်းဆောင်ရွက်နိုင်ဖို့ စစ်ကိုင်းဖိုရမ်ကို ကျင်းပခဲ့တာလို့ ဆိုပါတယ်။ ဖိုရမ်မှာ နိုင်ငံရေး၊ စစ်ရေးနဲ့ ဒေသန္တရအုပ်ချုပ်ရေး နဲ့ အထွေထွေကဏ္ဍဆိုပြီး အဓိက ကဏ္ဍ လေးရပ်ကို စုပေါင်းဆွေးနွေးခဲ့ကြောင်း ဇွန် ၁ရက် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိများအနက် ကိုစိုးဝင်းဆွေနှင့် မချောစုစံတို့ကို မဇ္ဈိမသတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ကိုစိန်ဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။





#စစ်ကိုင်းဖိုရမ်
#စိုးဝင်းဆွေ
#ချောစုစံ
#MizzimaExclusiveInterview
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U