🔥 Burn Fat Fast. Discover How! 💪

'စပါးတင်း သောင်းနဲ့ချီပြီး ပါသွားတယ်ဗျာ' ဓာတ်ပုံက မနေ့က ဒီပဲယ | Mratt's Channel

"စပါးတင်း သောင်းနဲ့ချီပြီး ပါသွားတယ်ဗျာ"

ဓာတ်ပုံက မနေ့က ဒီပဲယင်း၊ မူးကမ်းကြီးရွာကို စစ်တပ်က မီးရှို့သွားပြီးတဲ့နောက် ဒီနေ့ တွေ့ရတဲ့ ပုံပါ။ ခုညနေထိ မီးတငွေ့ငွေ့လောင်နေဆဲ ဖြစ်လို့ တချို့နေရာတွေ မီးငြှိမ်းနေရတုန်းပဲလို့ ဆိုပါတယ်။ အိမ်ခြေ ဘယ်လောက်ထိ လောင်သွားလဲဆိုတာတော့ အတိအကျ မရေတွက်နိုင်သေးဘူးလို့ ပြောပါတယ်။

"အိမ်တွေ လောင်သွားတာထက် စပါးတွေပါသွားတာ ပိုဆိုးတယ်။ စပါးတင်း သောင်းနဲ့ချီပြီး ပါသွားတယ်ဗျာ" လို့ သတင်းလှမ်းပို့သူက ဆိုပါတယ်။ တစ်ရွာလုံးမှာရှိတဲ့ စပါးကျီအများစု မီးရှို့ခံလိုက်ရတယ်လို့ သူက ဆိုတယ်။ သူပို့တဲ့ တချို့ ဓာတ်ပုံထဲမှာတော့ အိမ်တွေတင်မကဘဲ ချွေလှေ့ပြီးသား စပါးတွေ မီးကျွမ်းပြာကျနေတာ တွေ့ရတယ်။

မူးကမ်းကြီးရွာဟာ ၂၀၂၁ မတ်လ အစောပိုင်းကာလ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်တွေမှာ အင်တိုက်အားတိုက် ပါဝင်ခဲ့တဲ့ စစ်ကိုင်း၊ ရွှေဘိုနယ် ရွာတွေထဲက တစ်ရွာဖြစ်ပါတယ်။