🔥 Burn Fat Fast. Discover How! 💪

လျှောက် မရှဲ ကြပါနဲ့ဦးဗျ။ ကိုဂျင်မီတို့ ကိုဇေယျာသော် တို့ သတ | Mratt's Channel

လျှောက် မရှဲ ကြပါနဲ့ဦးဗျ။

ကိုဂျင်မီတို့ ကိုဇေယျာသော် တို့ သတင်းက လှုပ်လို့ကောင်းတဲ့ သတင်းမျိုး။ ဝုန်းကနဲ၊ အုန်းကနဲပေါ့။ 'ကြိုးပေးမယ့်ကိစ္စ' က မှန်လို့ ရှိရင် သတင်းဌာနကြီးတွေမှာ တက်လာပါလိမ့်မယ်။ ခုချိန်ထိ ယုံကြည်ရတဲ့ သတင်းဌာန တစ်ခုကမှ တက်လာတာမျိုး မရှိသေးပါဘူး။

(စာဖတ်သူအများစုက ဝေခွဲဖို့ ခက်ကြပေမယ့် သတင်းသမား အချင်းချင်းကတော့ ဘယ်သတင်းအရေးအသား၊ ဘယ်လိုအသုံးအနှုန်းရေးရင် ယုံကြည်နိုင်၊ မယုံကြည်နိုင်ဆိုတာ ခွဲခြား သိကြပါတယ်)

ကျန်တဲ့ မီးလောင် ရေကြီး သူပုန်စီး အသေးအဖွဲ သတင်းမျိုးတွေက ပြဿနာ မရှိပေမယ့် ဒီလိုမျိုး အကဲဆတ်တဲ့ ကိစ္စတွေဆိုရင် သတင်းဌာနကြီး ၄ ခုလောက် တိုက်ကြည့် စစ်ဆေးသင့်ပါတယ်။

ဇော်မင်းထွန်းကို တိုက်ရိုက်ဆက်သွယ်မေးမြန်းပြီး သတင်းတင်ဆက်နေတဲ့ 'မီဒီယာကြီးတွေ' လည်း ရှိတာပဲ။ သူတို့လည်း မေးမြန်းကြမှာပေါ့။ မှန်ရင် ဦးဦးဖျားဖျား ရေးကြမှာပါ။