🔥 Burn Fat Fast. Discover How! 💪

ကန့်ဘလူ၊ ကောလင်း ကောလင်း တောင်ဘက်က ရွာတစ်ရွာမှာ ဇွန် ၁၅ မနေ့က | Mratt's Channel

ကန့်ဘလူ၊ ကောလင်း

ကောလင်း တောင်ဘက်က ရွာတစ်ရွာမှာ ဇွန် ၁၅ မနေ့က စစ်ကောင်စီ စစ်ကြောင်း ထောင်ထားတဲ့ မိုင်းနင်းမိပြီးတော့ ရွာသားတစ်ဦး ခြေထောက်နှစ်ဖက်လုံး ပျက်စီးသွားတယ်လို့ သတင်းပေးပို့လာသူက ဆိုပါတယ်။

ရရှိထားတဲ့ ဓာတ်ပုံအရတော့ ဘယ်ခြေထောက် ခြေသလုံးကနေစပြီး အားလုံး ကြေမွနေပြီး ညာခြေထောက်မှာတော့ ခြေဖဝါးတစ်ခုလုံး အသားတွေဖွာလန်ကြဲနေတာကို မြင်ရပါတယ်။ (ဆိုးရွားလွန်းတဲ့အတွက် ဓာတ်ပုံ မဖော်ပြနိုင်ပါ။)

ဒေသခံရဲ့ ပြောဆိုချက်အရတော့ ကောလင်း ဇဉ်းရွာဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ပေကုန်းရွာနားမှာရှိတဲ့ လယ်တဲတစ်ခုမှာ ဝင်နားခဲ့ပြီး အဲ့ဒီမှာ ခြေနင်းမိုင်း ထောင်ထားခဲ့တယ်လို့ ယူဆကြောင်း ဆိုပါတယ်။


အဲ့ဒီနောက် တဲပိုင်ရှင်အမျိုးသားက ဒီ ခြေနင်းမိုင်းကို နင်းမိခဲ့တာ ဖြစ်ပါတယ်။ ပေကုန်းရွာဆိုတာ ကောလင်းမြို့ရဲ့ အရှေ့ဘက်မှာ ရှိပြီး ထီးချိုင့်၊ ဝန်းသိုနဲ့ ကန့်ဘလူမြို့တို့ရဲ့ အလယ်မှာရှိပါတယ်။

ဒီလအစပိုင်းကနေစပြီး စစ်ကောင်စီတပ်တွေဟာ ကောလင်းနဲ့ ကန့်ဘလူနယ်စပ်က ကျေးရွာတွေကို တောက်လျှောက် မီးရှို့နေခဲ့တယ်လို့ ပြောပါတယ်။ ခန့်မှန်း အိမ်ခြေ ၁၀၀၀ ကျော်ရှိနေပြီလို့ ဆိုပေမယ့် တိကျတဲ့ စာရင်း မရနိုင်ပါ။