Get Mystery Box with random crypto!

ဦးသန်းရွှေရဲ့ တပ်ရင်းနဲ့ မုန်တိုင်ပင် ဘုန်းကြီးကျောင်း အာရ်အ | Mratt's Channel

ဦးသန်းရွှေရဲ့ တပ်ရင်းနဲ့
မုန်တိုင်ပင် ဘုန်းကြီးကျောင်း

အာရ်အက်ဖ်အေ ရုပ်သံထဲပါတဲ့ အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ - ၄) အောက်က (ခြေမြန်တပ်ရင်း) ခမရ ၇၀၈ ဆိုတာ ဦးသန်းရွှေ အရှင်ထွက် မထွက်ခင် တည်ခဲ့တဲ့ တပ်ရင်း ၁၀ ခုထဲက တစ်ခုပါ။

ခမရ ၇၀၁ ကနေ ၇၁၀ ထိ တည်ခဲ့ပြီး မှော်ဘီမှာ ၇၀၁ ကနေ ၇၀၃ ထိ၊ ဖူးကြီးမှာ ၇၀၄ ကနေ ၇၀၆ ထိ၊ တိုက်ကြီးမှာ ၇၀၇ ကနေ ၇၁၀ ထိ ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်သံဆောင်းပါးထဲ ပါတဲ့ ခမရ ၇၀၈ ဆိုတာ ရန်ကုန်တိုင်း၊ 'တိုက်ကြီး' အခြေစိုက်ဖြစ်ပါတယ်။

ဒါ့အပြင် ရုပ်သံထဲမှာပါတဲ့ စစ်သား ၃ ဦး ထိုင်စကားပြောနေတဲ့ နေရာဟာ ဂူဂဲမြေပုံကို လေ့လာကြည့်သလောက် မုန်တိုင်ပင် ဘုန်းကြီးကျောင်း ဖြစ်နိုင်တယ်လို့ တွေ့ပါတယ်။ မုန်တိုင်ပင်ရွာဟာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်အောက်က အုပ်စုကျေးရွာတစ်ရွာဖြစ်ပါတယ်။