Get Mystery Box with random crypto!

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက မြို့ပေါ်က မြေအောက်အုပ်စုတစ်ခုက မိ | Mratt's Channel

ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းက မြို့ပေါ်က မြေအောက်အုပ်စုတစ်ခုက မိုင်းထောင်ခဲ့တယ်။ မိနစ်ပိုင်းလောက်ကြာတော့ စစ်ခွေးတွေ ရဲခွေးတွေနဲ့အတူ ဒလံတွေ ရောက်လာပါတယ်။ အဲ့ဒီနောက် အသံဗုံးလိုတစ်ခု စ ပေါက်ကွဲပြီးတော့ သူတို့က နောက်တစ်ခုကို ထပ်ပြီး ရှင်းလင်းရေးလုပ်ဖို့ အဖွဲ့တစ်ခုကို ထပ်ခေါ်လိုက်ပါတယ်။

ကျည်ကာတွေ အဝတ်အစားတွေအပြည့် သေချာဝတ်ဆင်ပြီးတော့ ကြိုးတွေကို ဖြုတ်ဖို့ကြိုးစားပါတယ်။ ကားတွေ သွားလို့ မရအောင်လည်း လမ်း ပိတ်လိုက်ပါတယ်။ လမ်းမတန်း အိမ်တွေကို အကုန်လိုက်မေးပါတယ်။ ဘယ်သူတွေလာသွားလဲ၊ ဘာကားနဲ့လဲ၊ ဘယ်ဘက်ကိုပြန်ထွက်သွားလဲ ပေါ့။

လူတွေက မဖြေကြပါဘူး။

စစ်သားတွေကလည်း မယုံသင်္ကာအကြည့်တွေနဲ့ လမ်းမတန်းက အိမ်တွေဆိုင်တွေကို အပေါ်အောက်မျက်လုံးအကြည့်တွေနဲ့ လှမ်းကြည့်လိုက်နဲ့။ သူတို့ထဲက တစ်ချို့တွေဆို လူတွေကို စားတော့ဝါးတော့မတတ်ပါပဲ။ ဆိုင်တချို့လည်းပိတ်ပြီး ဝန်ထမ်းတွေလည်း ပြန်သွားကြပါတယ်။

သူတို့ နောက် ဗုံးတစ်လုံးကို ရှင်းလင်းဖို့ကြိုးစားတာ တစ်နာရီကျော်ကြာပေမယ့် အဆင်မပြေတဲ့ပုံပါပဲ။​ ဖောက်ခွဲပစ်လိုက်ပါတယ်။ ဟိုးအဝေးကြီးကနေ ကြိုးရှည်ရှည်နဲ့ မီးရှို့ပြီး ကြိုးစအတိုင်းမီးကူးလာပြီး ပေါက်ကွဲအား ခပ်ပြင်းပြင်း ပေါက်ကွဲသွားတာပါ။

ပြောချင်တာက အဲ့ဒီမှာ ဒလံ တွေက မထင်ထားလောက်အောင်ကို များပါတယ်။ ကိစ္စဝိစ္စပြီးတော့ ဒလံတွေလည်းပြန် စစ်ခွေး၊ ရဲခွေးတွေလည်း ကားတွေနဲ့ အလျှိုအလျှိုပြန်သွားကြပါတယ်။ လူတွေက နည်းနည်းကြာတော့ အိမ်တံခါးတွေပြန်ဖွင့် ဆိုင်တွေပြန်ခင်းကြပါတယ်။

အဲ့အချိန်မှာ စပြီး လူတွေက သူတို့ မြင်လိုက်ရတာတွေကို ပြောပါတော့တယ်။ လာတဲ့အရေအတွက် ယောက်ျားဘယ်နှစ်ယောက်၊ မိန်းကလေး ဘယ်နှစ်ယောက်၊ ကားကိုဘယ်နားမှာ ရပ်လိုက်ပြီး ဘယ်လိုဆင်းလာပြီး ဆင်လာတဲ့ ပစ္စည်းတွေကိုချသွားကြောင်း၊ မြင်လိုက်တဲ့သူတွေက အချင်းချင်း စုစု စုစုနဲ့ ပြောကြပါတယ်။

အဲ့အချိန်မှာ ဆိုင်ရှေ့တွေမှာ လူစုစုတွေထဲ ဖြတ်သွားဖြတ်လာ တချို့ကလည်း ဟိုမေးဒီမေးနဲ့ ဝင်စပ်စုကြပါတယ်။ ဘယ်ဘက်ကို ကားကပြန်ထွက်သွားသလဲတို့၊ ဘာတွေဝတ်ထားသလဲတို့၊ လာလုပ်တဲ့သူတွေက အပေါ်အောက်အမည်း ဦးထုပ်အမည်း နှုတ်ခေါင်းစည် အမည်း။ ကားက ပရိုဘောက် အရှေ့ဆုံးအက္ခရာ နှစ်လုံးလောက်မြင်လိုက်တဲ့သူလည်း ရှိသလို၊ ဘယ်ဘက်ကို ကားပြန်ထွက်သွားသလဲဆိုတာ မြင်လိုက်တဲ့သူလည်း ရှိပါတယ်။

ယူဆတာကတော့ လူအုပ်ထဲ ဟိုလိုလို ဒီလိုလို ဝင်ရောပြီး စပ်စုနေတာတွေက သာမန်ဖြတ်သွားဖြတ်လာတွေမဟုတ်ပါဘူး။ သူတို့က ဒလံလို့ ယုံကြည်ရပါတယ်။ ကြုံခဲ့ရတာတွေရယ် အဲ့လူတွေရဲ့အပြုအမူတွေရယ်ကို ဆက်စပ်ကြည့်မိတာပါ။

လူတွေက စစ်ကား ရဲကားတွေပြန်ထွက်ချိန် ဒလံတွေလည်း စက်ဘီးနဲ့ပြန်တဲ့သူကပြန် လမ်းလျှောက်ပြန်တဲ့သူကပြန်၊ ဆိုင်ကယ်နဲ့လူတောင် ပါပါတယ်။ သူတို့ပဲ ဆိုင်ကယ်စီးရဲတာ မဟုတ်လား။ အဲ့အချိန်အကုန်ပြန်သွားပြီလို့ပဲ လူတွေကလည်း ယုံကြည်နေကြတာပါ။

ပြောချင်တာကတော့ လူတွေ စုစုစုစု ပြောကြတဲ့အနားမှာ ဘယ်ကဘယ်လို ရောက်နေမှန်းမသိတဲ့ သတင်းနှိုက်မယ့် သုံးလေးယောက် ရှိနေခဲ့ပါတယ်။ သူတို့အနေနဲ့ အဲ့ကိစ္စဖြစ်စဥ်မှာ အနီးအနားက CCTV Record မရခဲ့ရင်တောင် ကားက ဘယ်လမ်းကြောင်းကို ပြန်သွားတယ်တို့ ကားနံပါတ်လိုမျိုးတို့ ခြေရာခံနိုင်သွားလောက်ပါတယ်။

ဒီမှာ ပြောချင်တာကတော့ လူတွေအနေနဲ့ မစ်ရှင် တစ်ခုခုပြီးဆုံးသွားရင် ဒါမှမဟုတ် ဆန္ဒထုတ်ဖော်မှုတွေပြီးလို့ ရဲတွေ၊ စစ်သားတွေက လာမေးပြီး ပြန်သွားပြီးတဲ့နောက် မသိတဲ့လူတွေ လာမေးရင် ဝင်ရောရင် မပြောစေချင်ဘူး။ အဲ့ဒီကနေ ခြေရာခံလို့ရသွားနိုင်တယ်ဆိုတာပါပဲ။

မစ်ရှင်တစ်ခုကို အစအဆုံး မျက်မြင်တွေ့ရှိလိုက်သူတစ်ဦးက ပြောပြထားတာကို စာလုံးပေါင်း သတ်ပုံ ဝါကျ အထားအသို အနည်းငယ်ပြင်ပြီး ပြန်ဖော်ပြလိုက်ပါတယ်။