Get Mystery Box with random crypto!

ဒီနေ့ နေ့လယ် ၁ နာရီကျော်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှ | Mratt's Channel

ဒီနေ့ နေ့လယ် ၁ နာရီကျော်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းက မူးကတွင်း၊ လက်ယက်ကုန်း ကျေးရွာကို စစ်ကောင်စီက ရဟတ်ယာဉ် နှစ်စီးနဲ့ စစ်သားတွေလာချခဲ့ပြီး ခုချိန်မှာ ဒေသခံ ၂၀၀ ကျော် ပိတ်မိနေတယ်လို့ ဒီပဲယင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့နာရီပိုင်းက ရေးသားထားပါတယ်။

Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နှစ်စီးနဲ့ အင်အားဖြည့်တင်းခဲ့ပြီး အနီးတဝိုက်ကို ဝေဟင်ကနေ ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

"လက်ယက်ကုန်းကျေးရွာ အတွင်းသို့ ဝင်ရောက်နေရာယူ စီးနင်းထားရာတွင် ကျောင်းသား၊ သူလေးများ အပါအဝင်ပြည်သူ ၂၀၀ ခန့်မှာ ကျေးရွာအတွင်းပိတ်မိပြီး" စစ်ကောင်စီက ဖမ်းဆီးထားတယ် လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ဓာတ်ပုံ - ဒီပဲယင်းမြို့ အရှေ့ခြမ်းက လက်ယက်ကုန်းကျေးရွာ