Get Mystery Box with random crypto!

လမ်းကြောင်းတစ်လျှောက် တွေ့တဲ့ ဒေသခံတွေတချို့ကို စစ်ကြောင်း ရှေ | Mratt's Channel

လမ်းကြောင်းတစ်လျှောက် တွေ့တဲ့ ဒေသခံတွေတချို့ကို စစ်ကြောင်း ရှေ့က သွားခိုင်းတာ၊ တချို့ကို ရိုက်နှက်တာ၊ ဖမ်းစီးတာတွေ ရှိတဲ့အကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူက သတင်းပို့ပါတယ်။

"ရိက္ခာ၊ စက်သုံးဆီ စတာတွေကိုလည်း အကန့်အသတ်နဲ့ပဲ သယ်လို့ရတယ်။ ကား၊ ဆိုင်ကယ်နဲ့ဆိုလည်း ငါးမျိုးဘဲ သယ်ခိုင်းပါတယ်။ ပိုရင်သိမ်းမယ်ပြောပါတယ်။ သယ်ယူရင်လည်း နယ်ခံအုပ်ချုပ်ရေးမှူး လက်မှတ်ပါမှ ရပါတယ်။ ရှင်းလင်းရေးလုပ်နေတာတော့ လွန်ခဲ့တဲ့ လေးငါးရက်ကနေ စတာပါ" လို့ သတင်းပေးသူက ဆိုပါတယ်။

ဒီနေ့ နေ့လယ် နှစ်နာရီလောက်က အဲ့ဒီနေရာတစ်ဝိုက် သေနတ်သံတွေ ကြားရပြီး ညနေလေးနာရီလောက်မှာတော့ ကျည်တောက်ပေါက်၊ နွယ်ရုံကျေးရွာတို့ အပေါ်ကနေ သယ်ယူပို့ဆောင်ရေးရဟာယာဉ် ၃ စင်းဖြတ်ပီး အရှေ့ကနေ အနောက်ကို ရွှေဘို၊ မုံရွာဘက်ကိုပျံသွားတယ်လို့လည်း သူက ဆိုပါတယ်။