🔥 Burn Fat Fast. Discover How! 💪

ကိုဂျင်မီ၊ ကိုဇေယျာသော် ၃ လပြည့် အင်းစိန်ထောင်တွင်း အထိမ်းအမှတ | Mratt's Channel

ကိုဂျင်မီ၊ ကိုဇေယျာသော် ၃ လပြည့် အင်းစိန်ထောင်တွင်း အထိမ်းအမှတ်ပြုလုပ်သူများ နှိပ်စက်ခံရ

ပြီးခဲ့သည့် ဇူလိုင်က ကွက်မျက်ခံခဲ့ရသည့် ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ရည်စူးပြုလုပ်သည့် အင်းစိန်ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် နှိပ်စက်ညှင်းပန်းခံခဲ့ရကြောင်း ယုံကြည်ရသည့် သတင်းရင်းမြစ်ထံမှ ယမန်နေ့က ရရှိထားသည့် အသံဖိုင် မှတ်တမ်းများအရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ သည် ကိုဂျင်မီနှင့်ကိုဇော်ယျာသော်တို့ အင်းစိန်ထောင်တွင်း ကွက်မျက်ခံရသည့် ၃ လပြည့်ဖြစ်ပြီး အသံဖိုင်အရ ယင်းနေ့တွင် နိုင်ငံရေးအကျဉ်းသားများက အနက်ရောင်လက်ပတ်များ ဝတ်ဆင်ကာ ဆွမ်းကပ်ခဲ့ကြသည်။

ထို့ကဲ့သို့ အထိမ်းအမှတ်ပြုလုပ်ခဲ့ခြင်းကို ၅ ဆောင်၊ ၁ ခန်း သူကြီးက အဆောင်မှုးကို တိုင်တန်းကာ ပါဝင်သူများကို ရိုက်နှက်ဖမ်းဆီးခိုင်းခဲ့သည်ဟု အသံဖိုင်မှတ်တမ်းတွင် ပြောကြားထားသည်။

ဦးဆောင်သူများဖြစ်သည့် “ကိုရဲရင့်ကို၊ ကိုရဲရင့်ဘို၊ ဝသုန်စံ၊ ကိုဟန်သာတို့ကို ရိုက်နှက်ပြီး ခြေထောက်တွင် ဒေါက်တပ်၍ ၆ တိုက်တွင် တိုက်ပိတ်ခဲ့” သည်ဟု ဆိုသည်။