Get Mystery Box with random crypto!

ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ကုလသမဂ္ဂ ကိ | Mratt's Channel

ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ကုလသမဂ္ဂ ကိုယ်စားပြုစိစစ်ရေးကော်မတီ (Credentials Committee) က အမည်စာရင်း တင်သွင်းလိုက်တာကို ကုလသမဂ္ဂ အထွေထွေညီလာခံ (General Assembly) က ဒီနေ့ပဲ လက်ခံလိုက်တဲ့အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဦးကျော်မိုးထွန်းကို NUG က တင်သွင်းတာ မဟုတ်ပါဘူး။ နဂိုကတည်းက ရှိနေတဲ့ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ဆက်လက် လက်ခံထားရှိဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ ဆိုလိုတာက ယခင်နှစ်တွေက ဆုံးဖြတ်ချက်အတိုင်း ဒီနှစ်မှာ ဆက်လက် အတည်ပြုတာမျိုး ဖြစ်ပါတယ်။

ဒီ ကုလသမဂ္ဂ ကိုယ်စားပြုစိစစ်ရေးကော်မတီမှာ နိုင်ငံတစ်ခုခုအတွက် ကိုယ်စားပြု တက်ရောက်ခွင့်က ငြင်းဆိုမှုတွေရှိခဲ့ရင် ဒါတွေ မဖြေရှင်းနိုင်သေးတဲ့အထိ နဂိုရှိနေပြီးသားလူကို ဆက်ထားရတာ ဖြစ်ပါတယ်။ ဒါကြောင့်​ဦးကျော်မိုးထွန်းက မတင်မကျ ဆက်ရှိနေခဲ့တာပါ။

ဒါပေမယ့် ခုတော့ မြန်မာနိုင်ငံကိုယ်စားပြုအတွက် ကိုယ်စားပြုစိစစ်ရေးကော်မတီ တင်သွင်းတာကို လက်ခံလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်စားပြုစိစစ်ရေးကော်မတီ (Credentials Committee) ထဲမှာ ၉ နိုင်ငံပါဝင်ပြီး အားလုံးက အငြင်းပွားမှု၊ ကန့်ကွက်မှု မရှိဘဲ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

ဒီနိုင်ငံတွေကတော့ အမြဲတမ်းကော်မတီဝင်တွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှားနဲ့ ချီလီ၊ ဆီယာလီယွန်၊ နမီးဘီးယား၊ ဘူတန်၊ ဘဟားမားနဲ့ ဆွီဒင်နိုင်ငံတို့ပါ။

သဘောကတော့ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ (General Assembly) က လက်ခံတယ်၊ ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံကို ကိုယ်စားပြုပေမယ့် စစ်ကောင်စီကို ကိုယ်စားမပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရအတွက် အလုပ်လုပ်သူ ဖြစ်ပါတယ်။