🔥 Burn Fat Fast. Discover How! 💪

❝မနေ့က အိမ်မီးရှို့ခံရတယ်၊ ဒီနေ့မှာ မဲလက်မှတ် လာဝယ်သွားတယ်။ ကု | Mratt's Channel

❝မနေ့က အိမ်မီးရှို့ခံရတယ်၊ ဒီနေ့မှာ မဲလက်မှတ် လာဝယ်သွားတယ်။ ကုန်ထမ်းတဲ့အစ်ကိုကြီး၊ နွားကျောင်းတဲ့ ကောင်လေး၊ စစ်ရှောင်နေရတဲ့ အရီး၊ ကုန်စုံဆိုင်လေး ဖွင့်ထားတဲ့ အမေကြီး။ ဒီလူတွေက သူတို့ ခြစ်ကုတ်စုဆောင်းထားတဲ့ ပိုက်ဆံနဲ့ မဲလက်မှတ်ကို ဝယ်ယူအားပေးကြရှာတယ်။❞

အပေါ်က စာပိုဒ်က '96 Soldiers - PDF အညာဒေသ တပ်ခွဲ' က ရေးထားတာပါ။ ဒီတပ်ခွဲထဲမှာ လုပ်နေသူတွေက ဘော်ဒါတွေ။ ကိုယ့်လူတွေ မဲလက်မှတ်ရောင်းရရေး ရုန်း နေကြရတာ။ အတူ လက်ဖက်ရည်ထိုင်သောက်၊ ဘီယာထိုင်သောက်ခဲ့ကြတဲ့ ကောင်တွေ။ ခု ဒီကောင်တွေ အညာက ကွင်းခေါင်ခေါင်ထဲ တချိန်လုံး သေနတ်ထမ်း၊ ချမ်းစီးစီးထဲ လက်ပြတ်အင်္ကျီတွေနဲ့။

ဒီဘဲတွေ မနက်မိုးလင်းကတည်းက ညအိပ်ယာဝင်တဲ့အထိ 'ဒီစိတ်' နဲ့ နေကြတာ။ သူတို့ Facebook ပေါ်ကြည့်လိုက်ရင် တချိန်လုံး ဒီအကြောင်းအရာပဲ။

ရွာတွေ မီးရှို့ခံရတာ၊ တိုက်ပွဲဖြစ်တာ၊ သတ်ဖြတ်ခံရတာ၊ တိုက်ပွဲတွေနိုင်တာ၊ ကိုယ့်လူတွေကျဆုံးတာ။ တစ်ရက်မှ ပြတ်သွားတယ်ရယ် မရှိ။ တစ်ခါတစ်လေ အိမ်လွမ်းကြောင်း ကဗျာတွေ တင်ကြရဲ့။ ကမ္ဘာ့ဖလားပွဲချိန် ဒီဘဲတွေ အင်္ကျီလက်ပြတ်နဲ့ ကင်းစောင့်နေကြရမယ်။ ဒီဘဲတွေ။

ဒီဘဲတွေ ခုတော့ မဲလက်မှတ် ရောင်းနေကြရဲ့။ ယုံကြည်ရတဲ့အဖွဲ့တစ်ဖွဲ့ကို ထောက်ပံ့ချင်ပါတယ်ဆိုတဲ့ မိတ်ဆွေများ အောက်က Link မှာ ယုံယုံကြည်ကြည် မဲလက်မှတ် ဝယ်ယူထောက်ပံ့နိုင်ကြပါတယ်။

https://www.facebook.com/profile.php?id=100070177003007