Get Mystery Box with random crypto!

ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရတယ | Mratt's Channel

ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲခံရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ရေးထားတာ တွေ့ရပါတယ်။ ချင်းအမျိုးသားတပ်ဦးရဲ့ စစ်ရေးဌာနချုပ်ရှိရာ ဝိတိုရိယစခန်း (Camp Vitoria) ကို ပြီးခဲ့တဲ့ မိနစ်ပိုုင်းက ဗုံးကြဲသွားတာလို့ ဆိုပါတယ်။

နေပြည်တော်မှာနေတဲ့ သတင်းရင်းမြစ်တွေကတော့ ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း အမြန်လမ်းအနီးကနေ တိုက်လေယာဉ်ဖြတ်ပျံသွားတာ စုစုပေါင်း ၅ ကြိမ်တိတိရှိတယ်လို့ ဆိုပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရတော့ ထိခိုက်ဒဏ်ရာရသူ ရှိ မရှိ မသိရေသးဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ - ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်ထားတဲ့ တည်နေရာပြပုံ။