Get Mystery Box with random crypto!

စစ်တပ်က ရွာတွေကို မီးရှို့နေတာရဲ့ အကြောင်းရင်းတွေထဲမှာ ဒီနေရာဝ | Mratt's Channel

စစ်တပ်က ရွာတွေကို မီးရှို့နေတာရဲ့ အကြောင်းရင်းတွေထဲမှာ ဒီနေရာဝန်းကျင်အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဝန်ပိစေချင်တာက အဓိကကျတဲ့ အကြောင်းရင်းတွေထဲက တစ်ခု။ မီးရှို့တော့ ရွာထဲကလူတွေ ထွက်ပြေးကြ၊ သက်ကြီးရွယ်အိုတွေဆို ထမ်းခေါ်ရ၊ နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေက ပြန်ကူကြရပါတယ်။

ဒါကြောင့် မိတ်ဆွေတို့က ငွေဖြစ်ဖြစ်၊ အဝတ်အထည်ဖြစ်ဖြစ် ထောက်ပံ့လိုက်တယ်ဆိုတာက တော်လှန်ရေးအဖွဲ့တွေကိုတင် ကူညီတာ မဟုတ်ဘဲ စစ်ဘေးရှောင်တွေကိုလည်း တစ်လက်စတည်း ကူညီရာရောက်ပါတယ်။

အလယ်ပိုင်းက စစ်ဘေးရှောင်တွေရဲ့ ဒုက္ခက မသေးပါဘူး။ နိုင်ငံရပ်ခြားက အထောက်အပံ့လည်း ရောက်ဖို့ခက်သလို ငွေထုတ်ရတာ၊ ပစ္စည်းသယ်ရတာကလည်း သာမန် ယာလုပ်သူတွေတို့အဖို့ ဒီနေ့လို အချိန်မှာ ခက်လွန်းပါတယ်။ အဆက်အသွယ်ရှိပါမှ လမ်းကြောင်း သင့်ပါမှ စသဖြင့်။

တချို့နေရာတွေမှာတော့ စစ်ဘေးဒုက္ခသည်က တော်လှန်ရေးတပ်ဖွဲ့တွေကို ပြန်ကူကြရတယ်။ ဆိုတော့ စစ်ဘေးဒုက္ခသည်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဆိုတာ ကိုင်း ကျွန်းမှီ၊ ကျွန်း ကိုင်းမှီပါပဲ။

ခု ဖော်ပြထားတဲ့ Link မှာ စစ်ဘေးရှောင်တွေကိုရော တော်လှန်ရေးတပ်ဖွဲ့ကိုရော ယုံယုံကြည်ကြည် ထောက်ပံ့ကူညီနိုင်ပါတယ်။ - https://www.facebook.com/prf.politburo