Get Mystery Box with random crypto!

ကရင်နီမှာ ဒရုန်းနဲ့ ဝေဟင်ကနေ ကြဲချတဲ့ ရုပ်သံဖိုင်တချို့ မီဒီယာ | Mratt's Channel

ကရင်နီမှာ ဒရုန်းနဲ့ ဝေဟင်ကနေ ကြဲချတဲ့ ရုပ်သံဖိုင်တချို့ မီဒီယာတွေမှာ ဖော်ပြတာ ကြည့်ဖူးကြမှာပါ။ ဒါတွေကို လုပ်တာက လွိုင်ကော် ပီဒီအက်ဖ်နဲ့ Falcon Wings တို့ ပေါင်းလုပ်ကြတာ။ ဝေဟင်က ကြဲချတာတွေမှာ မြင်ကွင်းနဲ့ ဖြစ်စဉ်ကိုလည်း သေချာ ရှင်းရှင်းလင်းလင်း ရိုက်ပြနိုင်တာ တွေ့ရတယ်။

ပြဿနာက ဒီလို ရိုက်ပြတဲ့ ဗီဒီယိုတွေ Facebook ပေါ်တင်ရင် သူတို့ စည်းမျဉ်းတွေနဲ့ ငြိပြီး အားလုံး ဖြုတ်ချခံရတယ်။ တင်ပြီး သိပ်မကြာဘူး၊ တစ်ရက်အတွင်း ဖြုတ်ခံရတာပဲ။ မတင်လို့ကလည်း မရ၊ ဒါတွေကို ပြနိုင်မှ သူတို့ အလုပ်လုပ်နေတယ်ဆိုတာကို ကူညီထောက်ပံ့သူတွေကို တနည်းအားဖြင့် သက်သေပြလို့ရမှာကိုး။

လွိုင်ကော် ပီဒီအက်ဖ်နဲ့ Falcon Wings တို့ရဲ့ ဝေဟင်ကလုပ်တဲ့ မစ်ရှင်တွေကိုကြည့်ချင််ရင် သူတို့ Telegram Channel ရှိပါတယ်။ [https://t.me/lkwpdf] ဒီမှာ Subscribe လုပ်ထားပြီး ကြည့်နိုင်ပါတယ်။

ကျနော်အကြံပြုလိုတာက တခြား PDF အဖွဲ့တွေလည်း ဒီနည်းကို သုံးပြီး Telegram ကနေ ကိုယ့် မစ်ရှင်တွေ၊ တိုက်ပွဲတွေ ဓာတ်ပုံ၊ ရုပ်သံထုတ်ပြန်တာတွေကို လုပ်သင့်တယ်ဆိုတာပါ။