Get Mystery Box with random crypto!

နောက်ဆုံးရတဲ့ အခြေအနေအရ လက်ရှိအချိန်မှာ အားအလွန့်အလွန်ကောင်းတဲ | Mratt's Channel

နောက်ဆုံးရတဲ့ အခြေအနေအရ လက်ရှိအချိန်မှာ အားအလွန့်အလွန်ကောင်းတဲ့ ESCS စူပါဆိုင်ကလုန်းမုန်တိုင်း MOCHA က စစ်တွေမြို့အနောက်တောင်ဘက် ၂၃၃ မိုင်ခန့် မှာ ရောက်နေပြီး ဒီနေ့နေ့လည် ၂ နာရီလောက်ကတည်းက CAT-4 စူပါဆိုင်ကလုန်းမုန်တိုင်းအဆင့် လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ နဲ့ တိုက်နေတာပါ။
မုန်တိုင်းက အရှေ့မြောက်ဘက်ကို တစ်နာရီ ၁၃.၈ မိုင်နှုန်းနဲ့ အရင်ကရွှေ့လျားနှုန်းထက်ပိုပြီး လျှင်လျှင်မြန်မြန်ရွေ့နေပါတယ်။ ကမ်းခြေကိုဝင်ကာနီးအချိန်မှာ CAT-2 လေတိုက်နှုန်း တစ်နာရီ ၁၁၂ မိုင်နှုန်းနဲ့ စစ်တွေမြို့အနီးက ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ သိထားပါတယ်။