Get Mystery Box with random crypto!

မိုခါ မုန်တိုင်း (မနက် ၆ နာရီ ၄၅ မိနစ်ထိ) မိုခါ မုန်တိုင်း ဖြ | Mratt's Channel

မိုခါ မုန်တိုင်း (မနက် ၆ နာရီ ၄၅ မိနစ်ထိ)

မိုခါ မုန်တိုင်း ဖြတ်မဲ့ 'အလယ်' လို့ပြောနိုင်တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ရဲ့ ဒီနေ့မနက် ၆ နာရီကျော်က မြင်ကွင်းဖြစ်ပါတယ်။ ရုပ်သံထဲမှာ မိနစ်ပိုင်းလောက်ပဲ ခြားပြီး လေတိုက်နှုန်းပြောင်းသွားတာ သတိထားမိကြပါလိမ့်မယ်။ ခု စာရေးနေစဉ်မှာလည်း မိုးပြင်းထန်လာပြီး ရုပ်သံထဲကထက် အနည်းငယ် လေတိုက်နှုန်း မြင့်လာနေတယ်လို့ ရိုက်ကူးပေးပို့သူက ဆိုပါတယ်။

မုန်းတိုင်းဟာ လက်ရှိအချိန်မှာ ကုန်းတွင်းပိုင်းကို မဝင်သေးဘဲ နေ့လယ် ၁၂ နာရီခန့်မှာ ကုန်းတွင်းကို ဝင်မယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပြီး ဒေသခံတွေကတော့ ၁၀ နာရီကျော်လာရင် ပိုဆိုးလာနိုင်မယ်လို့ တွက်ဆနေကြပါတယ်။